တနင်္ဂနွေသား/သမီး

အလုပ်အကိုင်ကံကောင်းမည် အလုပ်တာဝန်ပိုမိုများပြားလာမည် အလုပ်ရှင်ကျေနပ်လောက်သည့် ရလဒ်ကိုသင်လုပ်ပေးနိုင်မည်။ ဝင်ငွေကောင်းမည် မိသားစုနဲ့ပတ်သက်သည့် ထွက်ငွေပိုများလာမည်။ လူလွတ်များ သင်ချဉ်းကပ်နေသည့်သူနှင့်ဆက်ဆံရေးတိုးတက်လာမည်။ စုံတွဲများတစ်ဦးကိုတစ်ဦးဂရုစိုက်မှုရှိမည် ဖေးမကူညီမည်။

ယတြာ

ဘုန်းကြီးကျောင်းများကို သင်္ကန်းလှူပါ

အကျိုးပေးအရောင်

ခရမ်း

အကျိုးပေးဂဏန်း

၎၊ ၅၊ ၇

တနင်္လာ

ဒီသီတင်းပတ်တွင်အလုပ်များနေမည့်အပြင် ခက်ခဲသည့်အလုပ်ဖြစ်မည် သင့်ကိုစိတ်ဓာတ်ကျစေပြီး စိတ်ခွန်အားကုန်ဆုံးစေမည် တောင့်ခံပြီးလုပ်ပါ ကျော်လွှားသွားနိုင်လျင် သင့်ခံနိုင်ရည်မြင့်မားလာမည်။ သင့်အတွက်ရော သင့်မိသားစုအတွက်ပါ ထွက်ငွေများနေမည် သူတပါးကိုငွေချေးယူလို့မရဘဲဖြစ်နေမည် ဖြစ်နိုင်မယ်ဆိုရင် ငွေမချေးယူပါနဲ့။ လူလွတ်များ သင်ချဉ်းကပ်နေသည့်သူကို အချိန်ယူပြီးအကဲခတ်ပါ အချစ်ရေးဆိုတာ အချိန်ယူရတဲ့ကိစ္စဖြစ်ပါတယ်။

ယတြာ

ကုသိုလ်ပြုပါ၊ ဆွမ်းလောင်းလှူပါ

အကျိုးပေးအရောင်

အနီ

အကျိုးပေးဂဏန်း

၂၊ ၄၊ ၆

အင်္ဂါသား/သမီး

ဒီသီတင်းပတ်တွင်အလုပ်ပင်ပန်းနေမည် တာဝန်ကြီးမည် မည့်သူ့ထံကမှ အကူအညီတောင်းခံမရဘဲဖြစ်နေမည် “ငါလုပ်နိုင်တယ်” ဆိုပြီး ကိုယ့်ကိုယ်ကိုအားပေးပါ။ ငွေရေးကြေးရေး ထစ်ထစ်ငေါငေါ့ဖြစ်နေမည်။ ဝင်ငွေနည်းပြီး ထွက်ငွေများနေမည် စီးပွားရေးလုပ်နေသူများ အထူးသတိထားကိုင်တွယ်ရမည်။ အချစ်ရေးမှာ နားထောင်ပေးပါ သင့်ဆန္ဒကိုရှေ့တန်းမတင်ပါနဲ့ တစ်ဖက်လူမှာလည်းနှလုံးသားရှိတဲ့လူသားတစ်ဦးပါ။

ယတြာ

ကျွဲနွားများကို အသက်ကယ်တင်ပါ

အကျိုးပေးအရောင်

မိုးပြာ၊ အပြာ

အကျိုးပေးဂဏန်း

၅၊ ၇၊ ၉

ဗုဒ္ဓဟူးသား/သမီး

ဒီသီတင်းပတ်မှာ အလုပ်အကိုင်အထူးကံကောင်းနေမည် လုပ်သမျှအဆင်ပြေနေမည် ရာထူးတိုးကိန်း လစာတိုးကိန်းရှိသည်။ ငွေရေးကြေးရေးကံကောင်းနေမည် ဝင်ငွေတိုးလာမည် ထပ်မံတိုးဖို့အလားအလာရှိသည် ကံစမ်းတတ်သည့်သူများ ကံထူးကိန်းရှိသည်။ လူလွတ်များကို ချဉ်းကပ်လာသူများနေမည် အကောင်းဆုံးကိုရွေးချယ်ပါ။ စုံတွဲများကို ဥပဓိရုပ်ကောင်းသူ ဆွေကြီးမျိုးကြီးရှိသူမှ ချဉ်းကပ်လာမည်။

ယတြာ

သာသနိကအဆောက်အအုံတွေကို ဖယောင်းတိုင်၊ အမွှေးတိုင်လှူဒါန်းပါ

အကျိုးပေးအရောင်

ပန်း

အကျိုးပေးဂဏန်း

၂၊ ၄၊ ၅

ဗုဒ္ဓဟူးသား/သမီး (ရာဟု)

ခက်ခဲသည့်အလုပ်တွေဝင်လာပြီး သင့်ရဲ့အရည်အချင်းကိုစမ်းစစ်ခြင်းခံရမည် စေ့စပ်သေချာရမည် စိတ်တည်တည်ငြိမ်ငြိမ်ထားပြီးလုပ်ပါ ဒီအလုပ်ကိုကျော်လွှားနိုင်မည်။ ငွေရေးကြေးရေးကံကောင်းမည် ပုံမှန်ဝင်ငွေအပြင် အပိုဝင်ငွေရှိမည်။ လူလွတ်များတွင် သင်နဲ့စကားပြောနေသူက သင့်ရဲ့နှလုံးသားပိုင်ရှင်အဖြစ်ကို ပိုမိုဖော်ပြလာခြင်းကြောင့် သင့်ကိုစိတ်ကျဉ်းကျပ်စေမည်။ စုံတွဲများ တစ်ဖက်လူအပေါ်အလွန်အမင်း စွက်ဖက်ခြင်းမပြုပါနဲ့ ချစ်သူတွေဆိုပေမဲ့ သူ့ရဲ့ဘဝကိုသင်မပိုင်ဆိုင်ပါဘူး။

ယတြာ

သာသနိကအဆောက်အအုံများကို ဆီမီးဆီလှူဒါန်းပါ

အကျိုးပေးအရောင်

အစိမ်း

အကျိုးပေးဂဏန်း

၂၊ ၃၊ ၇

ကြာသပတေးသား/သမီး

အလုပ်အကိုင်တွင် အထက်လူကြီးမှ အရေးပါသည့်အလုပ်တာဝန်ပေးခြင်းခံရမည် သင့်အောင်မြင်စွာလုပ်နိုင်လျင် အထက်လူကြီးရဲ့ချစ်နှစ်သက်ခြင်းကိုခံရမည်။ ငွေရေးကြေးရေးတွင် ရင်းနှီးမြှုပ်နှံသည့်သူများအတွက် အကျိုးအမြတ်သိမ်းကြုံးချိန်ဖြစ်သည်။ လူလွတ်များ လူတစ်ဦးကို ရုပ်ရည်ကိုကြည့်ပြီး မဆုံးဖြတ်ပါနဲ့ ကောင်းမွန်တဲ့ချစ်ခြင်းနဲ့လွဲသွားနိုင်သည်။ စုံတွဲများ သင့်ရဲ့ချစ်ခြင်းကို သူတပါးနဲ့မနှိုင်း ယှဉ်ပါနဲ့ သင့်ချစ်သူထက်ပိုကောင်းတယ်ဆိုတာ သင်ဘယ်လိုဆုံးဖြတ်နိုင်လဲ။

ယတြာ

ရေခ၊ မီးခလှူဒါန်းပါ၊ အခက်အခဲရှိသူတွေကို ဒါနပြုပါ

အကျိုးပေးအရောင်

အနက်

အကျိုးပေးဂဏန်း

၁၊ ၂၊ ၆

သောကြာသား/သမီး

အလုပ်ရှာဖွေနေတဲ့သူဆိုရင် သင်စိတ်ဝင်စားတဲ့ကုမ္ပဏီမှ ဆက်သွယ်လာခြင်းခံရမည် အလုပ်ရှိနေတဲ့သူတွေကတော့ စိတ်ကျေနပ်အားရလောက်သည့်အလုပ်ရလဒ်ရရှိမည်။ မကြာမီမှာ ဝင်ငွေလမ်းအသစ်တွေကိုတွေ့ရှိမည် ဖြစ်နိုင်ခြေကိုတော့သေသေချာချာ လေ့လာဖို့လိုလိမ့်မည်။ လူလွတ်များနီးစပ်ရာသူတွေနဲ့ချစ်ရေးဆုံရမည်။ စုံတွဲများချိုမြိန်သာယာနေမည်။

ယတြာ

နဂါးရုံဘုရားကို ရှိခိုးပူဇော်ပါ

အကျိုးပေးအရောင်

မီးခိုး

အကျိုးပေးဂဏန်း

၃၊ ၄၊ ၅

စနေသား/သမီး

အလုပ်အကိုင်နဲ့ပတ်သက်ပြီး လူတွေနဲ့မကြာခဏဆက်သွယ်ညှိနှိုင်းရတဲ့အတွက် သင့်ကို ကသိကအောက်ဖြစ်စေပြီး ခေါင်းစားစေမည် စိတ်အေးအေးထားပြီးလုပ်ပါ ချောချောရှူရှူကျော်လွှားနိုင်မည်။ ငွေရေးကြေးရေးတွင်ဝင်ငွေနည်းပြီး ထွက်ငွေများနေမည် ချွေချွေတာတာသုံးစွဲပါ။ လူလွတ်များ သင့်ချဉ်းကပ်နေသည့်သူနှင့်ဆက်ဆံရေးတိုးတက်လာမည် ဒါပေမဲ့ အလျင်စလိုမဆုံးဖြတ်ပါနဲ့။စုံတွဲများ ပုံမှန်အနေအထားမှာရှိနေမည် နှစ်ယောက်အတူတူခရီးထွက်တာတွေ အချိန်ပေးပြီး အတူတူလုပ် ဆောင်ပါ ပိုမိုချိုမြိန်လာမည်။

ယတြာ

ဆီးမီခ၊ ရေခ၊ မီးခ၊ လူသေအခေါင်းလှူဒါန်းပါ

အကျိုးပေးအရောင်

အဖြူ

အကျိုးပေးဂဏန်း

၃၊ ၆၊ ၈