ယမန်နေ့ ဒေသစံတော်ချိန် ည ၈ နာရီအချိန်တွင် ဖိလစ်ပိုင်နိုင်ငံ ဘီနင်မြို့ရှိ ဘီနင်အားကစားကွင်း၌ မြန်မာအအသင်း၏ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့သည့် မြန်မာအသင်းနှင့်ကမ္ဘောဒီးယားပွဲစဉ်တွင် မြန်မာအသင်းက ခြေစွမ်းအသာဖြင့် ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဆီးမီးဖိုင်နယ်အဆင့်ကို အုပ်စုဗိုလ်အဖြစ် တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။  

ပွဲချိန် ၂၁ မိနစ်တွင် မြန်မာ ဂိုးသမား ဆန်းဆက်နိုင်၏ အား နည်းချက်မှတစ်ဆင့် ကမ္ဘောဒီး ယားက  အဖွင့်ဂိုးရရရှိခဲ့သော်လည်း  မြန်မာအသင်းက  တိုက်စစ် ပြန်လည်မြှင့်တင်ခဲ့ပြီး၂၇ မိနစ်တွင် မြတ်ကောင်းခန့်၏ ပေးပို့မှုမှတစ်ဆင့် လွင်မိုးအောင် က ချေပဂိုးပြန်လည်သွင်းယူခဲ့သ ဖြင့် ပထမပိုင်း၌ တစ်ဂိုးစီသရေ

ဒုတိယပိုင်း ပွဲချိန် မိနစ် ၈ဝ ခန့်တွင် အဓိကတိုက်စစ်မှူး ဝင်းနိုင်ထွန်းကိုထဲ့သွင်း ကစားပြီး တိုက်စစ်ထပ်မံမြှင့်တင်လာရာမှ ၈၇ မိနစ်တွင် အောင်ကောင်းမာန်၏ ကန်သွင်း မှုကို ကမ္ဘောဒီးယားဂိုးသမားပုတ်ထုတ်သော် လည်  ဂိုးဝင်သွားသဖြင့် အနိုင်ဂိုးရရှိခဲ့သည်။

မြန်မာအသင်းသည် အုပ်စု အဆင့်တွင် သုံးပွဲနိုင်၊ တစ်ပွဲသ ရေဖြင့် ရှုံးပွဲမရှိဘဲ အကြိုဗိုလ်လုပွဲ သို့ အစောဆုံး တက်ရောက်သည့် အသင်းဖြစ်သည်။

မြန်မာအသင်းသည်ကမ္ဘော ဒီးယားနှင့်ပွဲတွင် သရေတစ်မှတ် ရရှိရုံဖြင့်အကြိုဗိုလ်လုပွဲသို့တက်ရောက်နိုင်မည်ဖြစ်သော်လည်း အနိုင်သုံးမှတ်ရရှိ၍ အုပ်စု ပထမဖြင့် အကြိုဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့သည်။  မြန်မာယူ-၂၂ အသင်းသည် ဆီး ဂိမ်းပြိုင်ပွဲ နောက်ဆုံးသုံးကြိမ် ဆက်တိုက် အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခြင်းဖြစ်သည်။

အချက်အလက်များအတွက်ကျေးဇူးတင်ပါသည် : 7 day daily, Facebook: Myanmar Football Federation