မန္တလေးမြို့တွင် ကမ္ဘောဇဘဏ် ဘဏ်ခွဲဒုတာဝန်ခံ အမျိုး သမီးတစ်ဦးနှင့် ၎င်း၏အမျိုးသား တို့ ပူးပေါင်းကာ ATM ငွေထုတ် စက်မှ ကျပ်သိန်း ၃၄၀ ထုတ်ယူမှု ၂၄ နာရီအတွင်း ဖမ်းဆီးရမိပြီး ဖောက်ထွင်းမှုဖြင့် အမှုဖွင့် ထား ကြောင်း မဟာအောင်မြေမြို့နယ် အမှတ်(၉)ရဲစခန်းမှ သတင်းရရှိ

နိုဝင်ဘာ ၂၉ ရက် ညနေက မန္တလေးမြို့ မဟာအောင်မြေမြို့ နယ် ရဲမွန်တောင်ရပ်ကွက် ၃၅ လမ်းနှင့် ၅၃ လမ်း အနီး တပ်ဆင် ထားသည့် ကမ္ဘောဇဘဏ် ATM ငွေထုတ်စက် လိုင်းကျနေကြောင်း ဖုန်းဖြင့် ဆက်သွယ်လာသဖြင့် ဘဏ်တာဝန်ရှိသူများက သွား ရောက်စစ်ဆေးခဲ့ရာ လိုင်းကျခြင်း မဟုတ်ဘဲ ATM ငွေထုတ်စက်တွင်ထည့် သွင်းထားသည့် ငွေများ ပျောက်ဆုံးခြင်းဖြစ်ကြောင်း စစ် ဆေးတွေ့ရှိခဲ့သည်ဟု

အဆိုပါ ATM စက်တွင် ထည့်သွင်းထားသည့် ကျပ်သိန်း ၃၀၀ ကျော် ပျောက်ဆုံးနေသည် ကို စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် ဘဏ်တာဝန်ရှိသူတစ်ဦးက ရဲစခန်းသို့ တိုင်တန်းခဲ့ရာ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး၏ ကြီးကြပ်မှုဖြင့် မန္တလေးမြို့ အမှတ်(၃)မှုခင်းတပ်ဖွဲ့မှူးနှင့်အဖွဲ့၊ မဟာအောင်မြေမြို့နယ် အမှတ်(၉) မြို့မရဲစခန်းမှ စခန်းမှူးနှင့်အဖွဲ့၊ မန္တလေးခရိုင် မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က  စုံစမ်းစစ်ဆေးခဲ့ရာမှ ဖြစ်စဉ်ဖြစ်ပွားပြီး ၂၄ နာရီအတွင်း ငွေထုတ်ယူသူများကို ဖမ်းဆီးနိုင်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ATM စက်အနီး တပ်ဆင်ထားသည့် CCTV မှတ် တမ်းများအရ ATM စက်အတွင်းမှ ငွေထုတ်ယူသူသည်စက်၏အ ပြင်သော့ကိုဖွင့်၍ စက်အတွင်းရှိ သေတ္တာ၏ လျှို့ဝှက်နံပါတ်များ ရိုက်နှိပ်ကာ ငွေစက္ကူများထုတ်ယူ သွားသည်ဟု ဆိုသည်။ ထို့အပြင် အဆိုပါငွေထုတ်ယူသူ မောင်းနှင်လာသော ယာဉ်နံပါတ်များ တွေ့ရှိခဲ့ပြီးဆက်လက်စုံစမ်းရာမှ ကမ္ဘောဇဘဏ် ဘဏ်ခွဲဒုတာဝန်ခံ အမျိုးသမီးနှင့် ၎င်း၏အမျိုးသားတို့ကို ဖော်ထုတ်နိုင်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် နိုဝင်ဘာ ၃၀ ရက် ညနေတွင် အဆိုပါ ဇနီးမောင်နှံကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်ရှင်ရပ်ကွက်ရှိ ၎င်းတို့၏နေအိမ်၌ ဖမ်းဆီးနိုင်ခဲ့ပြီး ATM ငွေထုတ်စက်အတွင်းမှ ကျပ်သိန်း  ၃၄ဝ ထုတ်ယူမှုဖြင့် မန္တလေးမြို့ အမှတ်(၉) မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၅၄ (ဖောက်ထွင်းမှု) ဖြင့် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

အချက်အလက်နှင့်ဓာတ်ပုံများအတွက်ကျေးဇူးတင်ပါသည် : 7 day daily