တနင်္ဂနွေသား/သမီး

အလုပ်အကိုင်ကံကောင်းမည် လုပ်သမျှအဆင်ပြေမည် သင့်ရဲ့လုပ်ရည်ကိုင်ရည်ကို အလုပ်ရှင်သဘောကျမည် ရာထူးတိုးကိန်းရှိသည်။ ငွေရေးကြေးရေးကံကောင်နေမည် ဝင်ငွေအဆက်မပြတ်ရှိနေမည် အရေအတွက်တိုးပွားလာမည် ရင်နှီးမြှုပ်နှံမှုနှင့် ကံစမ်းသည့်ဘက်တွင်လည်း ကံကောင်းမည်။ အချစ်ရေးတွင် စုံတွဲများ ချိုမြိန်သာယာနေမည် တစ်ဦးနဲ့တစ်ဦးအချိန်ပေးနိုင်မည် ဂရုစိုက်မှုပေးနိုင်မည်။ လူလွတ်များ အထူးတလည်ဆန်းပွင့်နေမည် ချဉ်းကပ်လာသူများနေမည် အလျင်စလိုဆုံးဖြတ်မချပါနဲ့ သေသေချာချာ စဉ်စားပြီး ရွေးချယ်ပါ။

ယတြာ

ဘုန်းကြီးကျောင်းကို သင်္ကန်းလှူဒါန်းပါ

အကျိုးပေးအရောင်

လိမ္မော်၊ ရွှေ

အကျိုးပေးဂဏန်း

၎၊ ၅၊ ၇

တနင်္လာသား/သမီး

အလုပ်အကိုင်အဆင်မပြေသည့်အချိန်ဖြစ်သည် ရုတ်တရက်အလုပ်ထုတ်ပယ်ခံရနိုင်သည် ဒီလိုခက်ခဲတဲ့အချိန်ကာလကိုကျော်ဖြတ်နိုင်ဖို့အတွက် အလုပ်ကိုစေ့စေ့စပ်စပ်နဲ့ ကြိုးကြိုးစားစား လုပ်ကိုင်ပြပါ။ သင့်ရဲ့စိတ်လိုက်မာန်ပါလုပ်တတ်တဲ့အကျင့်ကြောင့် မတော်တဆဖြစ်ခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ အမှုရင်ဆိုင်ရခြင်း စတဲ့အကြောင်းကိစ္စတွေနဲ့ ကြုံတွေ့ရာကနေ ငွေကုန်ကြေးကျကိန်းရှိသည် စိတ်အေးအေးထားပါ သတိရှိပါ။ စုံတွဲများ လက်ပန်းကျသည်အထိ ခိုက်ရန်ဖြစ်မည် နှုတ်ဆက်ဖို့အချိန်နီးကပ်လာမည်။ လူလွတ်များ သူသာန်မှာနေရသည့်အလား တိတ်ဆိတ်ပြီး အထီးကျန်နေမည်။

ယတြာ

ဆွမ်းပုံမှန်လောင်းလှူပါ

အကျိုးပေးအရောင်

အဖြူ၊

အကျိုးပေးဂဏန်း

၂၊ ၄၊ ၆

အင်္ဂါသား/သမီး

အလုပ်ကြိုးစားနေပေမဲ့လည်း ထင်သလောက်အကျိုးမဖြစ်ထွန်းဘဲရှိနေမည် အရှုံးမပေးပါနဲ့ ယခုထက်ထပ်မံကြိုးစားလိုက်ပါ အချိန်အများကြီးရှိနေသေးသည်။ ငွေရေးကြေးရေး ကံနိမ်နေမည် ရင်နှီးမြှုပ်နှံမှုပြုရင် အရှုံးပေါ်မည်။ စုံတွဲများ စိတ်သဘောထားကွဲလွဲမှုများရှိမည် တစ်ဦးနဲ့တစ်ဦးနားလည်အောင် ဆွေးနွေးသင့်သည်။ လူလွတ်များ အဆက် ဟောင်းကိုပြန်လည်တမ်းတနေမည် အဆက်ဖြတ်လိုက်ပါ နောက်တဖန်တွဲမယ့်အခွင့်အ လမ်းမရှိသလောက်မှေးမှိန်နေသည်။

ယတြာ

ကျွဲနွားတွေကို ဘေးမဲ့ကယ်တင်ပါ

အကျိုးပေးအရောင်

ခရမ်း၊ အနက်

အကျိုးပေးဂဏန်း

၅၊ ၇၊ ၉

ဗုဒ္ဓဟူးသား/သမီး

အလုပ်အကိုင်ပုံမှန်ရှိနေမည် သူတပါးထက်ထွန်းပေါက်လိုလျင် တွေးခေါ်ပုံပြောင်းလဲပြီး အလုပ်အကိုင်အသစ်တွေလုပ်ကိုင်ကြည့်ပါ အောင်မြင်ပြီး လျင်လျင်မြန်မြန်တိုးတက်လာမည်။ မိသားစုဝင်တွေကြောင့် ထွက်ငွေရှိမည် လတ်တလောချွေတာပါ။ စုံတွဲများ ဖော်ပြန်တာတွေသတိထားပါ။ လူလွတ်များ နီးစပ်ရာလူတွေက အောင်သွယ်လုပ်ပေး ရာကနေ အရင်သိခဲ့ဖူးတဲ့သူနဲ့ချစ်ရေးဆုံမည်။

ယတြာ

သာသနိကအဆောက်အအုံတွေကို ဖယောင်းတိုင်၊ အမွေးတိုင်လှူဒါန်းပါ

အကျိုးပေးအရောင်

အနီ

အကျိုးပေးဂဏန်း

၂၊ ၄၊ ၅

ဗုဒ္ဓဟူးသား/သမီး (ရာဟု)

အလုပ်အကိုင် အမှားအယွင်းရှိမည် သင့်ရဲ့အလုပ်အကိုင်ပုံရိပ်ကိုထိခိုက်မည် သင့်အအပေါ်အယုံအကြည်ပျက်မည်။ မတော်တဆဖြစ်မှုနှင့်ရင်ဆိုင်ရကိန်းရှိသည် ကုသခစုဆောင်းထားပါ။ စုံတွဲများ ချစ်သူအပေါ်စိတ်ကုန်နေပြီး လမ်းခွဲချင်နေမည် အလျင်စလို မဆုံးဖြတ်ပါနဲ့ တချို့ပြဿနာတွေဟာ ဖြေရှင်းလို့ရပါတယ်။ လူလွတ်များ တဦးတယောက်ကို တိတ်တခိုးချစ်မိနေတယ်ဆိုရင် ဖြေသိမ့်လိုက်ပါ သင့်အပေါ်သူငယ်ချင်း လောက်သာ သူသဘောထားသည်။

ယတြာ

သာသနိကအဆောက်အအုံတွေကို ဆီမီးဆီလှူဒါန်းပါ

အကျိုးပေးအရောင်

မိုးပြာ၊ အပြာ

အကျိုးပေးဂဏန်း

၂၊ ၃ ၊ ၇

ကြာသပတေးသား/သမီး

အလုပ်အကိုင်ကံကောင်းနေမည် အလုပ်ရှင်နှင့်လုပ်ဖော်ကိုင်ဖက်များ၏ ပံ့ပိုးမှုကိုရရှိမည် အသင်းအဖွဲ့နဲ့အလုပ်လုပ်ရလျင် သင့်အသင်းအဖွဲ့၏လုပ်ရည်ကိုင်ရည် ပေါ်လွင်မည် အလုပ်ရှင် ကျေနပ်သဘောကျမည်။ နီးစပ်ရာလူတွေနဲ့ ခင်မင်ရင်းနှီးစွာနေထိုင်ခြင်းဖြင့် ဝင်ငွေတိုးလာမည်။ စုံတွဲများ ဆက်ဆံရေးပိုမိုနီးကပ်လာမည်။ လူလွတ်များ အချစ်ရေးတွင် ရုပ်လုံးပေါ်လာမည် သင်ချဉ်းကပ်နေသည့်သူမှ သင့်အပေါ် သဲသဲကွဲကွဲ ရှိလာမည်။

ယတြာ

ရေခ၊ မီးခ လှူဒါန်းပါ၊ အခက်အခဲရှိသူများကို ဒါနပြုပါ

အကျိုးပေးအရောင်

ပန်း

အကျိုးပေးဂဏန်း

၁၊ ၂၊ ၆

သောကြာသား/သမီး

အလုပ်အကိုင်တွင် အလုပ်ကြပ်၏ ဖိအားပေးမှုကိုခံရပြီး ဘာမှပြန်ပြေနိုင်ခွင့်မရှိဘဲ ဖြစ်နေမည် သည်းခံပါ လတ်တလောအခြေအနေကိုကျော်လွန်သွားလျင် အစစအရာရာကောင်းမွန်လာမည်။ ငွေကြေးချွေတာပါ ကပ်စေးနည်းတဲ့အဆင့်ထိတော့မရောက်စေနဲ့ သင့်ရဲ့ပုံရိပ်ကိုထိခိုက်နိုင်သည်။ စုံတွဲများလတ်တလောမှာ သဝန်တိုစိတ်ပြင်းပြနေမည် တစ်ဖက်လူနေထိုင်မကျဉ်းကျပ်အောင်သတိထားပါ။ လူလွတ်များ သင့်နှင့်စကားပြော နေသည့်သူက ဆုံးဖြတ်ချက်ချရန် ဖိအားပေးလာမည်။

ယတြာ

နာဂါးရုံဘုရားကိုရှိခိုးပါ

အကျိုးပေးအရောင်

အစိမ်း

အကျိုးပေးဂဏန်း

၃၊ ၄ ၊ ၅

စနေသား/သမီး

အလုပ်အကိုင် တိုးတက်မှုမရှိဘဲတည်ငြိမ်နေမည် နေပုံထိုင်ပုံနှင့်စကားအပြောအဆို အဆင်မပြေမှုတွေကြောင့် လုပ်ဖော်ကိုင်ဖက်နှင့်ခိုက်ရန်ဖြစ်ကိန်းရှိသည်။ ဝင်ငွေကျဆင်းပြီး ထွက်ငွေသာရှိနေမည်။ စုံတွဲများ ခရီးလို့မရတဲ့ဆက်ဆံရေးဖြစ်နေမည် အရမ်းပင်ပန်းနေရင် အနားယူလိုက်ပါ။ လူလွတ်များ သင်စကားပြောနေသည့်သူ သင့်တဦး တည်းမကဘဲ တပါးသူနဲ့ပါစကားပြောသည် ဖြေသိမ့်လိုက်ပါ။

ယတြာ

ဆီမီဆီခ၊ ရေခ၊ မီးခ၊ သူသေအခေါင်းလှူဒါန်းပါ

အကျိုးပေးအရောင်

အနက်

အကျိုးပေးဂဏန်း

၃၊ ၆၊ ၈