အင်္ဂလိပ်ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ပွဲစဉ် ၁၄ အထိကိုရောက်ရှိလာပြီဖြစ်ပြီးတော့ ထိပ်ဆုံးမှာ လီပါဗူး အသင်းက ဦးဆောင်ထားဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းကနိုင်ပွဲပျောက်ခဲ့ရတဲ့အသင်းကြီးတွေဖြစ်တဲ့ မန်ယူ ချဲလ်ဆီး အာဆင်နယ် စတဲ့အသင်းတွေအနေနဲ့ ဒီတစ်ပတ်မှာတော့နိုင်ပွဲပြန်ရဖို့အတွက်အားထုတ်လာနိုင်ပါတယ်။ ဒီတစ်ပတ်မှာတော့ အသင်းကြီးအချင်းချင်းထိပ်တိုက်တွေ့ဆုံတဲ့ပွဲမရှိတဲ့အတွက် အသင်းကြီးအတော်များများနိုင်ပွဲပြန်လည်ရှာတွေ့နိုင်ပါလိမ့် မယ်။

မန်ယူ Vs အက်စတွန်ဗီလာ

ပြီးခဲ့တဲ့အပတ်က အနိုင်ရခဲ့ရင် အဆင့် ၅နေရာထိတက်လှမ်းနိုင်မယ့် အခွင့်အရေးကို မန်ယူအသင်းက ရှက်ဖီးလ်ကို သရေကစားပြီး ဖြုန်းတီးခဲ့ပါတယ်။ ဗီလာအသင်းရဲ့ခြေစွမ်းကလည်းမဆိုးပါဘူး။ မန်ယူအသင်းက အခုနောက်ပိုင်းခြေစွမ်းမဆိုးဘူးဆိုပေမယ့် ခံစစ်ကပွဲတိုင်းဂိုးပေးနေရတဲ့အတွက် ဒီပွဲစဉ်မှာ လည်းဂိုးပေးရနိုင်ခြေရှိ ပါတယ်။ ဒါပေမယ့် အိမ်ကွင်းခြေစွမ်းကောင်းမွန်တဲ့ မန်ယူ အနိုင်သေချာပါတယ်။

နယူးကာဆယ် Vs မန်စီးတီး

နယူးကာဆယ်အသင်းအနေနဲ့ အိမ်ကွင်းစိန့်ဂျိမ်းပတ်ခ်မှာ မန်စီးတီးကိုဘယ်လိုခံကစားမလဲစောင့်ကြည့်ရပါမယ်။ ဒါပေမယ့် နယူးကာဆယ်ရဲ့လက်ရှိခြေစွမ်းကညံ့ဖျင်းနေပါတယ်။တိုက်စစ်ကလည်းဂိုးရဖို့ရုန်းကန်နေရတဲ့အတွက် မန်စီးတီးခံစစ်ကို ကျော်ဖြတ်ဖို့က မလွယ်ပါဘူး မန်စီးတီးအနေနဲ့ နယူးကာဆယ်ကိုအနိုင်ကစားနိုင်မယ်ဆိုရင် လီပါဗူးနဲ့ ရမှတ်အကွာက ၆မှတ်ပဲဖြစ်သွားမှာဖြစ်တဲ့အတွက်အနိုင်ကစားပါလိမ့်မယ်။

ချဲလ်ဆီး Vs ၀က်ဟမ်း 

ဝက်စ်ဟမ်းအသင်းရဲ့ခြေစွမ်းကစိတ်ပျက်စရာပါ။ နောက်ဆုံး ၇ပွဲမှာ ရမှတ် ၂မှတ်ပဲစုဆောင်းနိုင်တဲ့အပြင် ခံစစ်ကလည်း နောက်ဆုံး ၃ပွဲမှာ တစ်ပွဲကို ၃ဂိုးစီနှုန်းနဲ့ခွင့်ပြုပေးထားရတဲ့အထိ ဆိုးရွားနေ ပါတယ်။ ချဲလ်ဆီး အသင်းကတော့ ပြီးခဲ့တဲ့အပတ်မှာ မန်စီးတီးကို ကပ်ရှူံးခဲ့ပြီး ကြားရက်ချန်ပီယံလိဂ်မှာတော့ ဗလန်စီယာကို သရေကျခဲ့သလို ခြေစွမ်းပြနေတဲ့တိုက်စစ်မှူးအေဘရာဟမ်ဒဏ်ရာရရှိခဲ့တဲ့အတွက် အထိနာခဲ့ရပါတယ်။ ချဲလ်ဆီး ဒီတစ်ပတ်မှာတော့နိုင်ပွဲပြန်ရှာတွေ့ပါလိမ့်မယ်။

လီဗာပူး Vs ဘရိုက်တန်

လီဗာပူးက  ဒီရာသီ ပရီးမီးယားလိဂ် ၁၃ ပွဲမှာ ၁၂ ပွဲထိအနိုင်ယူထား ပါတယ်။  လက်ရှိမှာတော့ ချန်ပီယံဆုအတွက် ထိပ်ဆုံးက ရေပန်းစားနေတဲ့အသင်းပီပီ သူတို့အသင်းက လိဂ်ပွဲစဉ် ၃၀ ရှူံးပွဲလုံးဝမရှိထားပါဘူး။ ဘရိုက်တန်အသင်းရဲ့ ခြေစွမ်းကလည်း လီပါဗူးကို ရပ်တန့်ဖို့မမြင်နိုင်ပါဘူး။

စပါး Vs ဘုန်းမောက်

နည်းပြသစ် ဟိုဆေး မော်ရင်ညို ရဲ့ လက်အောက်မှာ စပါးအသငျးက ၂ ပွဲကစား ၂ ပွဲစလုံး အနိုင်ရထားသလို သွင်းဂိုးကလည်း ၇ဂိုးအထိရရှိထားတဲ့အထိခြေစွမ်းပြန်လည်ကောင်းမွန်လာပါတယ်။ ဒါပေမယ့် ခံစစ်ပိုင်းအားနည်းမှုကတော့ ဆက်လက်ရှိနေတာမြင်ရပါတယ်။ ဘုန်းမောက်အသင်းက တည်ကန်ဘောတွေက ဂိုးရရှိအောင်စွမ်းဆောင်တတ်တဲ့အသင်းဖြစ်တဲ့အတွက် ခံစစ်အားနည်းတဲ့စပါးသတိအကြီးကြီးထားရပါမယ်။ စပါးအသင်း အနိုင်ရဖို့သေချာပါတယ်။

နော့ဝှစ် Vs အာဆင်နယ်

အာဆင်နယ်အသင်းရဲ့ခြေစွမ်းက စိတ်ပျက်စရာကောင်းနေဆဲပါ။ နောက်ဆုံးလိဂ်ပြိုင်ပွဲ၅ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံး ထားတဲ့အတွက် နည်းပြ အူနိုင်းအမ်မရီအနေနဲ့ ထိုင်ခုံလှုပ်နေပါပြီး နော်ဝှစ်ပြီးခဲ့တဲ့ အပတ်တုန်းက အဲဗာတန်ကို အနိုင်ကစားခဲ့တဲ့ခြေက ကောင်းမွန်ပါတယ်။ အဝေးကွင်းခြေစွမ်းညံ့တဲ့အာဆင်နယ်အသင်း ဒီပွဲစဉ်မှာ အနိုင်ရဖို့ အားထုတ်လာနိုင်ပေမယ့် သရေဆိုတာ အာဆင်နယ်အတွက်အမြင့်ဆုံးရလာဒ်ပါ။