မင်္ဂလာပါ ကျမ အသက်က ၂၅ နှစ်ရှိပါပြီ  ထိုင်းနိုင်ငံနခွန်ပထုမ်ခရိုင်ရဲ့တစ်နေရာက ဓာတ်ဆီဆိုင်တစ်ခုမှာ ဖွင့်ထားတဲ့စားသောက်ဆိုင်တစ်ခုမှာအလုပ်လုပ်ပါတယ် လုပ်သက်ကတော့ ၆ လလောက်ရှိပါပြီ တစ်နေ့ကျမနဲ့ကျမ သူငယ်ချင်းနှစ်ယောက် စနောက်ရင်းစကားတွေကျယ်ကျယ်ပြောမိသွားခဲ့တာ ကျမတို့ခေါင်းဆောင်က “ဒီနေရာမှာ စကားကျယ်ကျယ်မပြောနဲ့ နောက်ဆိုသတိထားပြော” လို့လာပြောတော့ ကျမတို့လည်းဘာဖြစ်လို့လည်းလို့မေးလိုက် တယ် “အမလည်းအလုပ်ဝင်ခါစက ညီမတို့လိုစကားကျယ်ကျယ်ပြောမိတာ ဟိုနားကကြက်သားနှက်တဲ့စက်ကသူ့ အလိုလို ပလက်မထိုးထားဘဲနဲ့လည်နေတယ်” သူများတွေပြောတာကတော့ ဒီပန်းကန်ဆေးတဲ့နားမှာ ဆိုင်မဆောက် ခင်က နတ်စင်တစ်ခုရှိတယ်လို့ပြောတယ် အသံတွေကျယ်လောင်တာနဲ့ ဆဲဆိုတာတွေကိုမကြိုက်ဘူးတဲ့။

တစ်နေ့ကျမနဲ့ကျမတို့သူငယ်ချင်း ၄ ယောက်ဆိုင်သိမ်းဖို့တာဝန်ကျတဲ့နေ့မှာ ၂ ယောက်ကအမှိုက်သွားပစ်တဲ့အချိန် ရေပိုက်ကရေပွင့်လာတယ် ကျမလည်းကျမသူငယ်ချင်းဖွင့်တယ်ထင်ပြီးလှည့်ကြည့်လိုက်တော့ ရေပိုက်ခေါင်းနေရာ မှာဘယ်သူမှမရှိဘူး ဒါနဲ့ကျမလည်း ဘယ်သူရေဖွင့်သွားတာလဲဖွင့်ပြီးမပိတ်သွားဘူးလို့အော်ပြောလိုက်တဲ့အချိန် ကျမနဲ့ မနီးမဝေးမှာရှိနေတဲ့ ကျမသူငယ်ချင်းကသူလည်းအဲဒီနားကိုမသွားရသေးဘူးလို့လှမ်းပြောတယ် ကျမလည်း တစ်ချက်တော့ ကြောင်တောင်တောင်ဖြစ်သွားတယ်ပြီးတာနဲ့ ဆိုင်အမြန်သိမ်းပြီးပြန်ခဲ့ကြတယ်။

နောက်ထပ်ကျမတို့ဆိုင်သိမ်းဖို့တာဝန်ကျတဲ့နေ့မှာ ကျမနဲ့ကျမသူငယ်ချင်းနှစ်ယောက် စလိုက်နောက်လိုက်နဲ့ စကားတွေကျယ်လောင်စွာပြောပြီးနေလိုက်ကြတာ ဆိုင်လည်းပိတ်ပြီးတော့ ကျမလည်းကျမတို့ရဲ့ခေါင်းဆောင် ကိုလှမ်းခေါ်လိုက်တာ ထူးတဲ့အသံတော့ကြားရတယ် ဒါပေမယ့်လူကိုမတွေ့ဘူး ကျမလည်းဆိုင်ပတ်ပတ်လည် ကိုလိုက်ရှာကြည့်တာ တစ်ယောက်မှမတွေ့ဘူး ကျမနောက်တစ်ခေါက်ပြန်ခေါ်လိုက်တော့ ပြန်ပြီးထူးတဲ့ အသံကြားရပြန်တယ် ကျမသူငယ်ချင်းကို “နင်ရောကြားရဲ့လား” လို့မေးလိုက်တော့သူက ဘယ်နားကနေထူး နေတာလဲလို့ပြန်အော်လိုက်တော့ “ပန်းကန်ဆေးတဲ့နေရာကထူးနေတာဟေ့” လို့လူအိုတစ်ယောက်ပြောတဲ့ အသံကိုကြားလိုက်ရတော့ ကျမနဲ့ကျမသူငယ်ချင်းနှစ်ယောက်ကြက်သီးတွေထပြီး တန်းပြေးတာ လမ်းမတန်း ရောက်ခါနီး ဆိုင်တစ်ဆိုင်ရှေ့မှာကျမတို့ခေါင်းဆောင်လမ်းလျှောက်လာတာကိုတွေ့လိုက်ရတယ် အဲဒီအချိန် တုန်းကဘာလုပ်လို့ဘာကိုင်ရမှန်းတောင်မသိတော့ဘူး။

နောက်တော့ကျမတို့လည်းကျမတို့ခေါင်းဆောင်ပြောတာ အမှန်တွေဆိုတာလက်ခံလိုက်တယ် ဓာတ်ဆီထည့်ဝန်ထမ်း ကောင်လေးတွေကလည်းညဘက်ဆို ဆိုင်ပိတ်ပြီးတာတောင် လူတစ်ယောက်အမြဲခေါက်တုန့်ခေါက်ပြန် လမ်းလျှောက် နေတာကိုတွေ့တွေ့ရတယ်လို့ပြောတယ် နောက်ပိုင်းတော့ဆိုင်ကိုရောက်တိုင်းကျမတို့စကားကျယ်ကျယ်မပြောရဲ တော့တာယနေ့ထိတိုင်ပါပဲ။

ဓာတ်ပုံအတွက်ကျေးဇူးတင်ပါသည် : MTHAI, Pixabay