ယောင်ဝရာ့ဆိုတာ ထိုင်းနိုင်ငံဘန်ကောက်မြို့လည်ကတရုတ်တန်းဖြစ်ပါတယ် နာမည်ကြီးအစားအစာများနဲ့ လမ်းတလျှောက် စည်ကားသိုက်မြိုက်စွာ စားစရာတွေအမြောက်အများ ရောင်းချတဲ့ ဈေးတန်းကြီးတခုလည်းဖြစ်တာကြောင့် လူငယ်မှအစ သက်ကြီးရွယ်အိုများအထိ ယောင်ဝရာ့ဈေးတန်းကြီးကို လာရောက်လည်ပတ်သူများဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလို့နေပါတယ် ဒီနေ့တော့ ဒီလိုနာမည်ကြီးဈေးတန်းကို ထိုင်းဘတ် ၁၀၀ နဲ့ဘယ်လိုဝယ်၊ ဘယ်လိုစား၊ ဘယ်လိုသွားလည်မလဲ ဆိုတာလေးကိုပရိသတ်ကြီးကိုလက်တို့ပြောပြလိုက်ပါရစေ။

ပထမဆုံးအနေနဲ့ “ယောင်ဝရာ့ပေါင်မုန့်မီးကင်” ယောင်ဝရာ့ကိုရောက်မှတော့ မစားမဖြစ်ဘဲ စားကြည့်သင့်တာကတော့ ပေါင်မုန့်မီးကင်ပဲဖြစ်ပါတယ် အပြင်ပိုင်းကြွပ်သလောက် အထဲမှာအရမ်းနူးညံ့တဲ့ ပေါင်မုန့်မီးကင်ဖြစ်ပြီး ထောပတ်နို့စမ်း၊ ထောပတ်ချောကလပ်၊ ထောပတ်ဆူးမွှေး၊ ထောပတ်သကြား၊ ထောပတ်ငြုပ်စပ်၊ ထောပတ်စတော်ဘယ်ရီ၊ ထောပတ်ပဲယို၊ ထောပတ်နံနတ်ယို၊ ထောပတ်လိမ္မော် စတဲ့ယိုများစွာလည်းရှိတာကြောင့် ၁၈ ဘတ် တည်းနဲ့ နှစ်သက်ရာယိုကိုရွေးပြီးသုံးဆောင်နိုင်ပါတယ် ထောပတ်သကြားကတော့ ၁၂ ဘတ်တည်းနော်..

ဒုတိယအနေနဲ့ “ရုပ်ရှင်ရုံဟောင်းကွေ့ကျပ်” ရုပ်ရှင်ရုံဟောင်းလို့ထည့်ပြောထားခြင်းဟာ ရုပ်ရှင်ရုံဟောင်းရှေ့မှာတည်ရှိနေလို့ပဲဖြစ်ပါတယ် ငရုတ်ကောင်းနံ့သင်းနေတဲ့ ဆွပ်ပြုတ်အရည်နဲ့အတူ ဗိုက်ကားအောင် ထည့်ပေးထားတဲ့ အစာပလာ တွေနဲ့ “ကွေကျပ်”  တစ်ပွဲကိုဘတ် ၅၀ ပဲကျသင့်မှာ ဖြစ်ပါတယ်။

ကဲ! ဒီလောက်နဲ့မကျေနပ်သေးရင်တော့ ဆက်ပြီးခေါ်သွားပါဦးမယ် အခုခေါ်သွားမယ့်ဆိုင်က “ယောင်ဝရာ့ခဂရုကြော်” ပဲဖြစ်ပါတယ် နှစ်ပေါင်း ၆၀ ကြော်ကြာအရသာမပျက်အောင် ဖေါက်သည်များကိုစွဲဆောင်နိုင်ခဲ့ပြီး လက်ရှိမှာတောင်နာမည် ကြီးနေသေးတယ်ဆိုရင်တော့ သိပ်ကို ပြောစရာမလိုတော့လောက်တဲ့ဆိုင်ပေါ့နော်…ဂုံးခရုကြော်က ဘတ် ၆၀ ဖြစ်ပြီး ကမာခရုကြော်ကတော့ ၇၀ ဘတ်ဖြစ်ပါတယ်

နောက်ဆုံးအနေနဲ့တော့ Sweet Time” နဲ့အဆုံးသတ်ပေးလိုက်ပါ့မယ် လမ်းလျှောက်ရင်း စားသုံးလို့ရတဲ့ အစားအစာကိုမှ နှစ်သက်တဲ့သူတွေဆိုရင် ဒီဆိုင်ကိုလာခဲ့ပါ ဈေးနှုန်းက ၃၀-၅၀ ပဲရှိပါတယ် “ဂျင်းပြုတ်မုန့်ကြာစေ့”  ဂျင်းပြုတ်ရေကို သကြားနဲ့ရောစပ်ပြီး မုန့်ကြာစေ့နဲ့ရောစပ်ထားပြီး နှမ်းအမည်းဖြူး ထားတဲ့မီနှုးကတော့ ၃၀ ဘတ်တည်းပါနော်

ဘယ်လိုလဲ ပိုက်ဆံ ၁၀၀ နဲ့ယောင်ဝရာ့တရုတ်တန်းကိုလည်လို့ရတယ်ဆိုတာ လက်တွေ့ပြသပြီးသွားပြီနော် နှစ်သက်ရာအစားအစာကိုစားသုံးနိုင်ဖို့အတွက်အောက်မှာ ဘတ် ၁၀၀ ဖိုးအစားအစာတွေကို  ၂  တွဲပေးထားပါတယ်

ပထမဆုံးတွဲပေးထားတဲ့မီနူးကတော့ “ရုပ်ရှင်ရုံဟောင်းကွေ့ကျပ်”  ဘတ် ၅၀ နဲ့  “ယောင်ဝရာ့ပေါင်မုန့်မီးကင်” ၁၂ ဘတ် ဖြစ်ပါတယ် ပေါင်းလိုက်ရင်တော့ ၆၈ ဘတ်တည်းနော် ဒါဆိုရင် အိမ်ပြန်ဖို့ ၃၂ ဘတ်တောင်ကျန်ဦးမှာပေါ့ နောက်ဒုတိယတွဲပေးထားတဲ့ မီနူးကတော့  “ယောင်ဝရာ့ခဂရုကြော်” ဘတ် ၆၀ နဲ့ “ဂျင်းပြုတ်မုန့်ကြာစေ့”  ဘတ် ၃၀ ဆိုရင် ပေါင်းလိုက်တော့ ၉၀ ဘတ်တည်းနော် ဘယ်လိုလဲ ဘတ် ၁၀၀ နဲ့ယောင်ဝရာ့ကိုသွားလည်လို့ရတယ်ဆိုတာယုံပြီလား

ဓာတ်ပုံအတွက်ကျေးဇူးတင်ပါသည် : Create A Little Magic Everyday, amazing ไทยเท่, MTHAI, edtguide, Pantip, AMAZINGTHAISEA