ထိုင်းရောက်ရွှေမြန်မာများအနေနဲ့ “ရွန့်အရွန်” (Roong Aroon) သဘာဝသွားတိုက်ဆေးနဲ့ပတ်သက်ပြီး အတိုင်းအတာတစ်ခုအထိရင်းနှီးနေလောက်ပြီထင်ပါတယ်။ ရွန့်အရွန်သဘာဝသွားတိုက်ဆေးဟာ အိန္ဒိယနိုင်ငံကယောဂီသွားတိုက်ဆေးရဲ့မူလလက်ဟောင်းသွားတိုက်ဆေးတစ်လက်ဖြစ်ပြီး (အမှုန့်) သုံးရတာအရမ်းလွယ်ကူပါတယ်။ ဘာပစ္စည်းကိရိယာမှသုံးဖို့မလိုပါဘူး။ သွားတိုက်ဆေးမှုန့်ကို လက်ချောင်းနဲ့တို့လိုက်ရုံနဲ့ သွားတွေကိုသန့်ရှင်းအောင်တိုက်လို့ရပါပြီ။

လက်ဖျားလေးနဲ့ပွတ်တိုက်ရုံနဲ့သွားသန့်ရှင်းပြီး သွားမြစ်တွေကိုခိုင်မာစေနိုင်တာဖြစ်နိုင်မလား? လူတော်တော်များများကဒီလိုမေးခွန်းတွေထုတ်ပါလိမ့်မယ်။ “ရွန့်အရွန်” သွားတိုက်ဆေးမှာ သဘာဝပစ္စည်းတွေဖြစ်တဲ့ ဆား၊ ကျောက်ချဉ်နဲ့ မင်သော်ပါဝင်ပါတယ်။ “ဆား” မှာခံတွင်းကျန်းမာရေးကောင်မွန်စေခြင်း၊ ယားယံခြင်းမရှိစေဘဲ ခံတွင်းမျှခြေကိုထိန်းညှိပေးခြင်း၊ တံတွေးရည်ထုတ်လုပ်ခြင်းကို အားပေးခြင်းဖြင့် သွား ကြားထဲကအစာအစအနများ အလိုလိုရှင်းထုတ်ပေးခြင်း၊ ခံတွင်းအနံ့ဆိုးများကိုလျော့ချပေးခြင်း စတဲ့ ဂုဏ်သတ္တိတွေနဲ့ပြည့်စုံနေပါတယ်။ “မင်သော်” မှာ ဘက်တီးရီးယားပိုးသတ်ခြင်း၊ အနာကျက်စေခြင်းနဲ့ သွား ကိုက်ခြင်းများသက်သာအောင် အထောက်အကူပြုခြင်းဖြင့်သွားပိုးစားခြင်းကိုသဘာဝအတိုင်း ကာကွယ် ပေးနိုင်တဲ့ဂုဏ်သတ္တိရှိပါတယ်။ “ကျောက်ချဉ်”  ရဲ့ဂုဏ်သတ္တိတွေကတော့ သွားနဲ့သွားဖုံးများကို ခိုင်မာစေခြင်းနဲ့ သွားဖုံးသွေးယိုစိမ့်တဲ့ အကြောင်းရင်းတစ်ရပ်ဖြစ်တဲ့ သွားဖုံးရောင်ရမ်းခြင်းကို သက်သာစေခြင်း များဖြစ်ပါတယ်။ ဒါတွေမကသေးပါဘူး။ ရွန့်အရွန်သွားတိုက်ဆေးဟာ သွား၊ ခံတွင်း၊ သွားအမြစ်နဲ့သွားဖုံးတွေကိုကောင်းမွန်စေခြင်း၊ သွားများဖြူဝင်းတောက်ပခြင်း၊ ခိုင်မာခြင်း၊ သွားပိုးစားခြင်းကိုကာကွယ်ပေးခြင်း၊ဆေးလိပ်ချေး၊ သွားချေးကျောက်များနဲ့ ခံတွင်းအနံ့များကိုဖယ်ရှားပေးခြင်း၊ ခံတွင်းသန့်ရှင်းစေခြင်း၊ ခံတွင်းကြည်လင်လန်းဆန်းစေခြင်း၊ သွားဖုံးပြည်တည်နာပေါက်ခြင်း၊ သွားကိုက်ခြင်း၊ သွားကျိန်းခြင်းနဲ့ ခံတွင်းအနာပေါက်ခြင်းတွေကို သက်သာစေပြီး လှုပ်နေသည့်သွားများကိုလည်း ပြန်လည်ခိုင်မာလာစေတဲ့ အကျိုးကျေးဇူးတွေကို မုချပေးစွမ်းနိုင်ပါတယ်။

အကျိုးကျေးဇူးများသလို လက်ဖျားနဲ့တင်သွားတိုက်လို့ရတဲ့ သုံးရလွယ်ကူတဲ့သွားတိုက်ဆေးတစ်လက်ဖြစ်ပါတယ်။ ရွန့်အရွန်သွားတိုက်ဆေးမှုန့်ကို ရေစိုနေတဲ့လက်ချောင်းလေးနဲ့တို့ပြီး သွားအနှံ့တိုက်ပေးပြီးနောက် ပုံမှန်အတိုင်းရေနဲ့ပလုတ်ကျင်းပြီး မနက်-ည လုပ်ပေးနိုင်သလို ရွန့်အရွန်သွားတိုက်ဆေးမှုန့်ကို ခံတွင်းမှာ ၃ မိနစ်ကနေ ၅ မိနစ်ခန့်ငုံထားပြီး ရေသန့်နဲ့ပလုတ်ကျင်းတဲ့နည်းကိုလည်း ပြုလုပ်နိုင်ပါတယ်။ စားရေးသူလို လူပျင်းတွေအတွက် အရမ်းအဆင်ပြေတဲ့နည်းလေးပါ။ အချိန်မရှိတဲ့သူတွေအတွက် သင့်တော်တဲ့သွားတိုက်နည်းတစ်ခုဖြစ်ပါတယ်။ မသန့်ရှင်းသေးဘူးလို့ခံစားရရင် ပုံမှန်သွားတိုက်နည်းအတိုင်း သွားတိုက်တံကို ရွန့်အရွန်သွားတိုက်ဆေးမှုန့်နဲ့တို့ပြီး ပုံမှန်တိုက်နေကြအတိုင်း တိုက်နိုင်ပါတယ်။ အစာစားပြီးတိုင်းလည်းတိုက်နိုင်သလို ဆောင်ရတာလွယ်ကူပြီး သွားသန့်ရှင်းရေးကို လုံးဝယုံကြည်မှုရှိစေပါတယ်။

သွား နဲ့ ခံတွင်းသည် ခန္ဓာကိုယ်ရဲ့အခြားသောအစိတ်အပိုင်းတွေနဲ့ထပ်တူ အရေးပါ ပါတယ်။ ခံတွင်းကျန်းမာရေးကို လျစ်လျူရှူထားမယ်ဆိုရင် သွားပိုးစားခြင်း၊ သွားဖုံးရောင်ရမ်းခြင်း၊ သွားများမခိုင်ခန့်ခြင်း၊ ခံတွင်းအနံ့မကောင်းခြင်း စတဲ့လက္ခဏာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သွားနဲ့ခံတွင်းကျန်းမာရေးဟာ အလွန်အရေးကြီးပါတယ်။ သွားနဲ့ခံတွင်းပြဿနာခံစားနေရရင် အစားအစားဝါးစားဖို့ခက်ခဲစေတာကြောင့် လုံလောက်တဲ့အာဟာရဓာတ်ကိုရရှိနိုင်မှာမဟုတ်သလို အလုပ်လုပ်ဆောင်ဖို့နဲ့ တွေးတောစဉ်းစားဖို့ အားအင်တွေရှိမှာမဟုတ်ပါဘူး။ ဒါ့အပြင်  ကျန်းမာရေးပြဿနာအမျိုးမျိုးကိုလည်း သက်ရောက်မှုရှိနိုင်ပါတယ်။

စာရေးသူကိုယ်တိုင် လက်တွေ့သုံးစွဲထားတဲ့အတွေ့အကြုံကိုလည်းမျှဝေပေးချင်ပါတယ်။ အရမ်းကောင်ပြီး အရမ်းကိုသဘောကျပါတယ်။ ခံတွင်းစပ်တာမရှိပါဘူး။ ပါးစပ်ထောင့်မှာ အနည်းငယ်ပေကျန်စေပေမဲ့ သာမာန်သွားတိုက်ဆေးတွေလို ဝက်ခြံမပေါက်ပါဘူး။ အသားရေဓာတ်မတည့်လွယ်တဲ့ သူတွေအနေနဲ့ယုံယုံကြည်ကြည်သုံးစွဲနိုင်ပါတယ်။ သဘာဝပစ္စည်းတွေနဲ့ထုတ်လုပ်ထားတာလည်းဖြစ်ပါတယ်။ ဈေးနှုန်းမှာလည်းအရမ်းသက်သာပါတယ်။ (၁) ထုပ်ကို (၁၅) ဘတ်တည်းပါ။ ဈေးတော်လွန်းလို့ ဝယ်သိမ်းထားရမလိုဖြစ်နေပါတယ်။ အရမ်းဈေးတော်ပြီး အရမ်းကောင်းပါတယ်။ ဝယ်ယူရရှိနိုင်တဲ့နေရာတွေကို ထပ်ပြောပြဦးမယ်နော်။ နီးစပ်ရာ FamilyMart ၊ ဘန်ကောက်သမ၀ါယမဆိုင် (ร้านสหกรณ์กรุงเทพ )၊ ပညာရေးဝန်ထမ်းများသက်သာချောင်ချိဆိုင် (องค์การค้าของ สกสค.) ၊ ဖူမ်ကျိုင်ထိုင်း၊ ဖုလန်း၊ မက်ခရို၊ဘန်ကောက်ဆေးဆိုင် (ร้านยากรุงเทพ)၊ ကုန်တိုက်ပေါ်ရှိ သုဝဏ္ဏချာ့ အောဒီဆိုင်၊ ကုန်တိုက်၊ လိုတ၊ မက်ဗေးလူး စတာတွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။