လူငယ်ရပ်အဆိုတော်ဂျီဖက်ဟာ လူငယ်ပရိတ်သတ်တွေအကြိုက်တွေ့တဲ့ အဆိုတော်တစ်ဦးဖြစ်သလို သရုပ်ဆောင်နန်းဆုရတီစိုးနဲ့ ချစ်သူတွေဖြစ်တဲ့အတွက် ပရိတ်သတ်တွေက အမြဲအားပေးတဲ့အဆိုတော်တစ် ဦးဖြစ်ပါတယ်။ လတ်တလောမှာ ထွက်ပေါ်နေတဲ့ အဆိုတော်အမရာဖုန်းနဲ့ ကောလဟာလတွေနဲ့ပတ်သက်ပြီး ဂျီဖက်ကတော့ သူတို့က မောင်နှမတွေလိုပဲပျော်ပျော်ရွှင်ရွှင်စနောက်နေကျပဲဖြစ်ပြီး အထင်လွဲစရာအကြောင်း ဘာမှမရှိပါဘူးလို့ မီဒီယာတွေကနေတဆင့်ဖြေရှင်းလိုက်ပါတယ်။   

အဆိုတော်ဂျီဖက်က “အမရာကကျနော်တို့ထဲကအငယ်ဆုံးကလေး အေးဆေးပဲ အမရာက အားလုံးထဲမှာ အ ငယ်ဆုံးနဲ့ ညီအကိုမောင်နှမလိုပဲ ပျော်ပျော်ရွှင်ရွှင်ပဲနေတယ်။ စစနောက်နောက်ပဲအပြင်မှာလည်းအေးဆေးပဲ ဘာမှ အရမ်းကြီးအထင်လွဲစရာမရှိပါဘူး“လို့ပြောပါတယ်။

သူ့ရဲ့လတ်တလောအချစ်ရေးကိစ္စကိုမေးမြန်းခဲ့ရာမှာတော့ ဂျီဖက်က မန္တလေးမှာရှိုးပွဲရှိနေတဲ့အတွက် အဲ့ဒီကိုပဲ စိတ်က နှစ်ထားတဲ့အတွက် အချစ်ကြောင်းကိုဒီအချိန်မှာမပြောချင်သေးဘူးလို့ ဆိုပါတယ်။“အခုလောလောဆယ်တော့ရှိုးရှိနေတော့ကျနော့်အာရုံတစ်ခုလုံးကရှိုးအတွက်အချိန်မလပ်နေ့တိုင်းလိုလို စိတ်ဖိစီးမှုကလည်း ရှိုးပေါ်မှာပဲဖြစ်နေတယ်။ အဆင်ပြေပါ့မလား ဘာများလွဲချော်မလဲဆိုပြီးတော့ ရန်ကုန်မှာ တုန်းကလွဲထားတာအကြီးကြီးကို။ မန်းလေးမှာဘာများဖြစ်မလဲဆိုပြီး အဲ့ဒီစိတ်ကြီးနဲ့နေထိုင်နေရပါတယ်။ အဲ့ဒီ အတွက်အချစ်ရေးထက်ကို အလုပ်အကြောင်းကိုပဲအခုချိန်မှာပြောချင်ပါတယ်” လို့ ဂျီဖက်ကပြောပါတယ်။

ဒါ့အပြင် မန်ယူနောက်တန်းကစားသမားဟောင်းဖာဒီနန်နဲ့တွေ့ဆုံခဲ့တဲ့အကြောင်းကိုလည်း အခုလိုပဲပြော ပြလိုက်ပါတယ်။ “ဖာဒီနန်နဲ့တွေ့ရတာအရမ်းပျော်တာပေါ့ ဂိမ်းဆော့ရင်တောင် မန်ယူပဲယူတာ မနေ့က လည်း ဒီနေ့ပွဲရှိလို့စောစောအိပ်ရပါတယ်ဆိုမှ မန်ယူပွဲရှိနေတော့ထကြည့်ပြီးတော့ နှိုးစက်ပေးပြီးမနက်ထ လာရတာ ကျနော်က မန်ယူဖန်ပဲ အရမ်းအားပေးတာ ဖာဒီနန်တို့ ဗီဒစ်တို့အတွဲဆော့ကတည်းကအရမ်းကြိုက်ခဲ့တာ” လို့ ဆိုပါတယ်။