တနင်္ဂနွေသားသမီးများ

အလုပ်ကိုပေါ့ပေါ့ဆဆလုပ်ပါက အလုပ်ထုတ်ခံရနိုင်ကိန်းရှိတယ် အရင်ကထက်ပို၍ကြိုးကြိုးစားစား လုပ်ကိုင်ပါ ထွက်ငွေများပြီး ၀င်ငွေနည်းမယ် မိတ်ဆွေအရင်းများမှ ငွေကိစ္စကြောင့်ရန်သူဖြစ်နိုင်တယ် ငွေလိမ်လည်ခံရကိန်း ရှိတယ်သတိထားပါ။ လူလွတ်များအပါအ၀င် ချစ်သူရည်းစားရှိသူများ တစ်ဖက်သားကသည်းမခံနိုင်လောက်တဲ့ အနေအထားမှာရှိနေတာကြောင့် ဒေါသသုံးပြီးဖြေရှင်းခြင်းကို အထူးသဖြင့်ရှောင်ကြဉ်ပါ။

ယတြာ

သံဃာတော်များကို သင်္ကန်းကပ်လှုပါ

အကျိုးပေးအရောင်

လိမ္မော်ရောင်၊ ရွှေရောင်

အကျိုးပေးဂဏန်း

၎၊ ၅၊ ၇

တနင်္လာသားသမီးများ

အလုပ်ခွင်အတွင်းနှုတ်ကြောင့် ပြဿနာတက်နိုင်ကိန်းရှိတယ် စကားပြောအထူးဆင်ခြင်ပါ ငွေကြေးလိမ်လည်ခံရနိုင် ကိန်းရှိတယ်အထူးသိထားပါ သူတစ်ပါးနှင့်စကားပြောဆိုဆွေးနွေးရာတွင် မိမိ အကျိုးထက် သူတစ်ပါးအကျိုးကို အလေးထားနိုင်မှသာလျင် လိုရာရောက်လိမ့်မယ် ချစ်သူရည်းစားရှိသူများ မိမိ ချစ်သူကိုလိုသည်ထက်ပို၍အလိုလိုက်ပါ ကမိမိကိုယ်တိုင်အနာဂတ်မှာစိတ်ကျဉ်းကြပ်ရလိမ့်မယ် လူလွတ်များအချစ်ရေးအတွက် ခိုင်မာတဲ့ဆုံးဖြတ်ချက် တစ်ခုချဖို့ အချိန်တန်ပြီ

ယတြာ

မကြာခဏ သံဃာတော်များကိုဆွမ်းလောင်းလှုပေးပါ

အကျိုးပေးအရောင်

အဖြူရောင်၊ အသားရောင်

အကျိုးပေးဂဏန်း

၂၊ ၄၊ ၆

အင်္ဂါသားသမီးများ

အုပလအကိုင်အဆင်ပြေချောမွေ့ပြီး အထက်လူကြီးများမှ သင့်ရဲ့ကြိုးစားမှုကိုအသိအမှတ်ပြုလိမ့်မယ် လုပ်ကိုင်နိုင် သလောက်ငွေဝင်ပြီး လာဘ်ရွှင်မယ် ရည်မှန်းထားတဲ့စီးပွားရေးများ အကောင်အထည်ဖေါ်နိုင်ပြီး အကျိုးအမြတ်များ ပေါ်ထွန်းမယ် ချစ်သူရည်းစားရှိသူများ အစစအရာရာအချစ်ရေးအဆင်ပြေချောမွေ့ရမယ် အနာဂါတ်ကိုအတူပုံဖေါ် နိုင်လိမ့်မယ် လူလွတ်များရွေးချယ်ဖို့ခက်လောင်အောင် လာရောက်ပိုးပမ်းသူတွေများနေတာကြောင့် အချိန်ယူပြီး ဆုံးဖြတ်ပါ။

ယတြာ

ကျွဲနွားများအားဘေးမဲ့လွှတ်ပေးပါ

အကျိုးပေးအရောင်

အစိမ်းရင့်ရောင်

အကျိုးပေးဂဏန်း

၅၊ ၇၊ ၉

ဗုဒ္ဓဟူးသားသမီးများ

အများအကျိုးကို ကိုယ်ကျိုးစွန့်ပြီးဆောင်ရွက်မပေးပါနဲ့ သင့်ရဲ့သူတစ်ပါးအပေါ်ကူညီတတ်တဲ့စိတ်ကြောင့် ဒုက္ခရောက် ရလိမ့်မယ် ကြွေးမြီများနှင့်ရင်ဆိုင်ရနိုင်တာကြောင့် အထူးသတိထားပါ သူများအစားအာမခံမပေးပါနဲ့ တရားရုံးတက်ရ နိုင်ကိန်းရှိတယ် ချစ်သူရည်းစားရှိသူများ တစ်ဦးအပေါ်တစ်ဦးလက်မခံနိုင်လောက်တော့တဲ့ အနေအထားနှင့်ရင်ဆိုင်နေ ရရင် လက်လွှတ်လိုက်တာကောင်းပါတယ် လူလွတ်များဖူးစာဆုံရလိမ့်မယ်။

ယတြာ

သာသနာ့နယ်မြေများတွင်တရားမှတ်ပါ

အကျိုးပေးအရောင်

လိမ္မော်ရောင်

အကျိုးပေးဂဏန်း

၂၊ ၄၊ ၅

ရာဟုသားသမီးများ

အလုပ်အကိုင်အတည်တကျရှိတယ်ဆိုပေမယ့် အနည်းငယ်ထပ်မံကြိုးစားကြည့်ပါ အခုတစ်လောငွေပုံမှန်ဝင်နေတယ် ဆိုပေမယ့် စုဆောင်းဖို့အချိန်ယူသင့်နေပြီ နှစ်ကုန်ခါနီးလောက်မှာ ငွေအစုလိုက်အပြုံလိုက်သုံးရကိန်းရှိတယ် ချစ်သူရည်းစားရှိသူများအချစ်ရေး အဆင်ပြေတယ်ဆိုပေမယ့် ဂရုစိုက်မှုလေးတွေဖြည့်စွက်ပေးဖို့မမေ့ပါနဲ့ လူလွတ်များ ချစ်ရမယ့်သူရှိနေရင် အချိန်မဆွဲဘဲဖွင့်ပြောဖို့အချိန်တန်ပြီ

ယတြာ

သာသနာ့နယ်မြေများ၌ဆီမီးထွန်းညှိပူဇော်ပါ

အကျိုးပေးအရောင်

အပြာနုရောင်

အကျိုးပေးဂဏန်း

၂၊ ၃၊ ၇

ကြာသပတေးသားသမီးများ

လုပ်ဖေါ်ကိုင်ဖက်တွေထက် အလုပ်အကိုင်ထင်ရှားနေတာကြောင့် လုပ်ဖေါ်ကိုင်ဖက်များရဲ့မနာလိုစိတ်ကြောင့် ငြိုငြင်ခြင်းကိုခံရမယ် ဒါကြောင့်အလုပ်မှအကျိုးအမြတ်များရရင်လည်း လုပ်ဖေါ်ကိုင်ဖက်များနဲ့ ဝေမျှယူတတ်ပါစေ ငွေကြေးကံတတ်နေတဲ့အချိန်ဖြစ်တယ် ကြံစဉ်သမျှအောင်မြင်မယ် ကိုယ်ပိုင်စီးပွားရေးမှအကျိုးအမြတ်ရမယ် ချစ်သူရည်းစားရှိသူများအချစ်ရေးကံကောင်းသော်လည်း သ၀န်တိုမှုများကြောင့်ပြဿနာတက်ရမယ် လူလွတ်များ အချစ်ရေးကံထနေတာကြောင့်သေချာရွေးချယ်ပါ

ယတြာ

သာသနာ့နယ်မြေများ၌ ရေမီးလှုတန်းပါ

အကျိုးပေးအရောင်

အမည်းရောင်၊ ခရမ်းရောင်

အကျိုးပေးဂဏန်း

၁၊ ၂၊ ၆

အလုပ်အကိုင်အဆင်ပြေချောမွေ့မယ် အကျိုးအမြတ်တွေကိုအချိန်ယူပြီးစောင့်ဆိုင်းပါ အလောတစ်ကြီး မမျှော်မှန်းပါနဲ့  ကြွေးမြီများလျော့ပြီး ပြန်လည်ထူထောင်လာနိုင်လိမ့်မယ် ချစ်သူရည်းစားရှိသူများ စိတ်ခံစားချက်တစ်ခုဖြစ်နေရင် မျက်နှာချင်းဆိုင် ဆွေးနွေးပါ လူလွတ်များ ချစ်ခွင့်ပန်ထားသူကိုအချိန်အနည်းငယ်ပေးပြီးစောင့်ဆိုင်းပါ မလောပါနဲ့

ယတြာ

နဂါးရုံဘုရားစင်းတုတော်အားကိုးကွယ်ပါ

အကျိုးပေးအရောင်

ပန်းရောင်၊ ခရမ်းရောင်

အကျိုးပေးဂဏန်း

၃၊ ၄၊ ၅

စနေသား/သမီး

လုပ်ငန်းခွင်အတွင်း သင်မကျွမ်းကျင်တဲ့အလုပ်နဲ့ရင်ဆိုင်ရမှာဖြစ်တာကြောင့် လုံးလ၀ီရိယရှိပါ ကြိုးစားပါ အရာအားလုံး ကိုကောင်းမွန်စွာကျော်ဖြတ်နိုင်လိမ့်မယ် ငွေကြေးပုံမှန်ဝင်လိမ့်မယ် ကံစမ်းခြင်းမှ ငွေတိုငွေစရမယ် ချစ်သူရည်းစားရှိသူ များ အချိန်မပေးနိုင်တာကြောင့် အနည်းငယ်ဆက်ဆံရေးကျဲနေလိမ့်မယ် လူလွတ်များ လာရောက်ပိုးပန်းသူတွေရှိနေ လျက်နဲ့အထီးကျန်ရဦးမယ်

ယတြာ

သာသနာ့နယ်မြေများ၌ ရေမီးလှုတန်းပါ

အကျိုးပေးအရောင်

ပန်းရောင်

အကျိုးပေးဂဏန်း

၃၊ ၆၊ ၈