ကျနော်ကလုံခြုံရေးဝန်ထမ်းတစ်ယောက်ပါ ကျနော်နေတဲ့အဆောင်ကထိုင်းနိုင်ငံဘန်ကပိနားမှာဆိုတော့ ည ၂ နာရီလောက်မှအေ ဆာင်ကိုပြန်ရောက်ဖြစ်ပါတယ် ကျနော်နေတဲ့အဆောင်ကဈေးသက်သာတော့ အိမ်သာ၊ ရေချိုးခန်း စုပြီးသုံးရပါတယ်

တစ်နေ့ကျနော်အလုပ်ကနေပြန်တဲ့အချိန် အခန်းပြန်တော့ ၃ ထပ်မြောက်လှေကားထစ်မှာ အသားဖြူပြီးချောမောတဲ့ မိန်းကလေးတစ်ယောက် လမ်းလျှောက်လာတာနဲ့ဆုံတယ် နောက်နေ့လည်းဆုံပြန်တယ် ကျနော်နဲ့ ၁ ပတ်လောက် အထိအလုပ်ပြန်လာတဲ့အချိန် ၃ ထပ်လှေကားမှာဆုံဖြစ်တယ် ဆုံတိုင်းလည်းသူမကိုအရင်နေ့ကတွေ့တဲ့ဝတ်စုံနဲ့ပဲ အမြဲတွေ့ရတယ် ကျနော်ကတော့သူမလည်းညည့်နက်မှအလုပ်ပြန်ရတာကြောင့် အလုပ်ဝတ်စုံမလဲရသေးတာပဲဖြစ် မယ်လို့တွေးမိသေးတယ်

နောက်နေ့လည်းသူမကို အရင်နေရာဒီအချိန်ဒီဝတ်စုံနဲ့တွေ့ပြန်တယ် ကျနော်လည်းမထူးပါဘူး နေ့တိုင်းတွေ့နေရတာ စကားပြောကြည့်မယ်ဆိုပြီး နာမည်မေးလိုက်တယ်  “နာမည်ဘယ်လိုခေါ်လဲ” သူမကကျနော့်ကိုပြုံးပြတယ် ပြီးတော့ စမ်းကြည့်မလား ? လို့ပြန်ဖြေတယ် ကျနော်လည်းမရှင်းတာကြောင့် ဘာကိုစမ်းကြည့်ရမှာလဲဆိုတော့ စမ်းကြည့်မလား လို့ပဲပြောနေတယ် ကျနော်လည်းသူမပြောတာတွေကိုနားမလည်တာနဲ့ စကားဖြတ်ပြီးအခန်းကိုကိုအမြန်ပြန်တက်သွား လိုက် တယ်

နောက်တစ်နေ့တော့ကျနော့် သူငယ်ချင်းတွေနဲ့ထမင်းသွားစားတာကြောင့် အခန်းပြန်တာနောက်ကျတယ် ၃ ထပ်ကို  လည်းရောက်ရောသူမကိုမတွေ့ရတော့ဘူး ကျနော်လည်းသွားပါပြီစကားပြောမလိုရည်ရွယ်ပြီးကာမှလို့တွေးဖြစ်သေး တယ် ကျနော် ၄ ထပ်ကိုလည်းဆက်တက်သွားတော့ မွမ်းကြပ်စွာချောင်းဆိုးနေတဲ့အသံကိုကြားနေရတယ် အသံက ဘယ်ကလာတာလဲဆိုပြီးလိုက်နားထောင်ကြည့်တော့ ၃ ထပ်အိမ်သာနားကအသံဆိုတာသိလိုက်ရတော့ ကျနော်ချက် ခြင်းဆင်းသွားလိုက်တယ် ပြီးတော့ အခန်းတံခါးတစ်ခုခြင်းဆီလိုက်ဖွင့်ကြည့်လိုက်တယ် နောက်ဆုံးအခန်းလည်း ရောက်ရော ကျနော်တော်တော်အံ့သြသွားတယ် ကျနော်ခါတိုင်းလေကားမှာတွေ့နေကျမိန်းကလေးက ကြိုးစွဲချပြီး သေကြာင်းကြံနေတာ လျှာတွေထွက်ပြီး ကိုယ်လုံးကလှုပ်နေတယ် ကျနော်လည်းအမြန်ဝင်သွားပြီး “ဘာလို့ဒီလို လုပ်တာလဲ” လို့အော်ပြီးသွားအကယ် သူမမျက်လုံးပွင့်လာပြီးကျနော့်ကို “စမ်းကြည့်မလား” လို့လှမ်းပြောတဲ့အချိန် ကျနော်လည်းအဲဒီနေရာမှာမေ့လဲသွားတယ်

ကျနော်နိုးတဲ့အချိန်မနက်မိုးလင်းနေပြီ ကျနော်လည်းနိုးနိုးချင်း သန့်ရှင်းရေးဝန်ထမ်းကိုသွားမေးတော့မှသိလိုက်ရတာ က အရင်တုန်းက သမီးရည်းစားနှစ်ယောက်အတူနေကြရင်း ကောင်လေးဖြစ်သူကဖောက်ပြန်တာကြောင့်ကောင် မလေးဟာ ကောင်လေးကိုအရွဲ့တိုက်ပြီး ကြိုးစွဲချသေသွားကြောင်းသိလိုက်ရတယ်။

ဓာတ်ပုံအတွက်ကျေးဇူးတင်ပါသည် : starupdate