ထိုင်းနိုင်ငံဘန်ကောက်မြို့သို့အလည်ရောက်နေသည့် မြန်မာနိုင်ငံသားတစ်ဦး ဓားဖြင့်အခုတ်ခံရမှုကို ထိုင်းရဲတပ်ဖွဲ့မှ အချိန်အတော်ကြာအောင်ဖမ်းဆီးမမိနိုင်သည့်အတွက် MOEAF ရုံးသို့တိုင်ကြားအကူအညီတောင်း ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ အလည်ရောက်ရှိနေသော မြန်မာနိုင်ငံသား မောင်သက်ဒင်(၂၅)နှစ်သည်အောက်တိုဘာလ ၂၅ ရက်နေ့ မနက် ၅နာရီခန့်တွင် အပြင်ထွက်လာစဉ် လူ(၁၀)ဦးခန့်ကဓားဖြင့်ဝိုင်းခုတ် ခံခဲ့ရ‌ကြောင်း သိရသည်။ ဘယ်လက်၊ ညာလက်၊ နောက်ကျောတွေမှာဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည်။ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ဟွေ့ခွမ်းရဲစခန်းသို့ အမှု့ဖွင့်တိုင်ကြားသော်လည်းဆောင်ရွက်ပေးမှု့မရှိ သဖြင့် MOEAF Call Centre သို့လာရောက်အကူအညီတောင်းခံခဲ့ ကြောင်း သိရသည်။

“ဒီကလေးက မောင်နှမ၂ယောက်ပါ။ ဘန်ကောက်ကို အလည်လာကြတာပါ။ရဲစခန်းက ဆောင်ရွက်ပေးမှုမရှိလို့ အံကယ့်တို့ MOEAF Call Centre ကို လာရောက်အကူအညီတောင်းခဲ့တယ်။ အံကယ်ကိုယ်တိုင် အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်ထိုင်းရှေ့နေတဦးနဲ့အတူ ဟွေ့ခွမ်းရဲစခန်းကိုလိုက်သွားပြီး ထပ်မံ‌တိုင်ကြားပေးခဲ့တယ်။ဒုတိယတခါ ထိုင်းရှေ့နေကို လွှတ်ပြီး မေးမြန်းခိုင်းတယ်။ သူတို့မှာ CCTVမှတ်တမ်း‌တွေလည်းရှိတာပဲ။ ဒါလည်း တရားခံကိုမဖမ်းနိုင်ပဲ မထူးခြားလို့ မနေ့ကတော့ အလုပ်သမားသံအရာရှိ ဦးရဲရန်အောင်၊ဦးဝေလင်းမောင်၊ကိုစိုင်းအေးတို့နဲ့အတူ ရဲဌာနချုပ်သို့ ထပ်မံအမှု့ဖွင်တိုင်ကြားပေးခဲ့တယ်။ထိုင်းရဲဌာနချုပ်ကတော့ ၃ပတ်အတွင်း ဖမ်းဆီးပေးပါ့မယ်လို့ပြောပါတယ်။”ဟု မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (ထိုင်း)Call Centre မှ ဥပဒေအကြံပေး ဦးအောင်မျိုးသန့်က မှတ်ချက်ပြုသည်။