ပြီးခဲ့တဲ့အပတ်မှာ နိုင်ငံတကာခြေစစ်ပွဲတွေကြောင့် အနားပေးခဲ့တဲ့ ပရီးမီးယားလိဂ်ကတော့ ဒီတစ်ပတ်မှာပြန်လည်စတင်  တော့မှာဖြစ်ပါတယ်။ လက်ရှိပွဲစဉ်  ၁၂အပြီးမှာတော့ လီပါဗူးအသင်းက ရှုံးပွဲမရှိသေးဘဲ  စုစုပေါင်းရမှတ် ၃၄မှတ်ထိပ် ဆုံးမှာဦးဆောင်နေပါတယ်။ ဒီတစ်ပတ်မှာတော့ အဆင့် ၃နဲ့ ၄ မှာ အစဉ်လိုက်တိုင်းရပ် တည်နေတဲ့ချဲလ်ဆီးနဲ့လက်ရှိချန်ပီယံမန်စီးတီးအသင်းတို့ရဲ့ထိပ်တိုက်တွေ့ဆုံတဲ့ပွဲပါဝင်နေတာမို့လို့ ရင်ခုန်စိတ်လှုပ်ရှား အားပေးကြရဦးမှာဖြစ်ပါတယ်။

မန်စီးတီးVs ချဲလ်ဆီး

ဒီတစ်ပတ်ရဲ့အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်လာဖို့ရှိပါတယ်။ ဒီရာသီခြေစွမ်းတွေဆိုးရွားနေပြီးချန်ပီယံဘွဲ့ကာကွယ်ဖို့အတွက် ဖိအားတွေများနေတဲ့မန်စီးတီးအသင်းကို လမ်းပတ်လက်ထက်မှာခြေစွမ်းကောင်းတွေပြန်ရလာတဲ့ချဲလ်ဆီးအသင်းအသာ ရမလားဆိုတာကတော့ တနင်္ဂနွေနေ့ကျရင်အဖြေပေါ်မှာပါ။ လက်ရှိခြေစွမ်းပိုင်းမှာတော့ ချဲလ်ဆီးထက်စာရင် မန်စီးတီးက ပိုတည်ငြိမ်တယ်လို့ပြောရင်ရပါတယ်။ မန်စီးတီးကွင်းဖြစ်တဲ့အတွက် အဝေးကွင်းဆိုရင်ခြေစွမ်းကျဆင်းတတ်တဲ့ ချဲလ်ဆီး သတိထားရမှာပါ။ ထိပ်တိုက်တွေ့ဆုံမှုမှတ်တမ်းအရဆိုရင်လည်း မန်စီးတီးကအသာရထားပြီးတော့ မနှစ်ကတွေ့ဆုံခဲ့တဲ့ပွဲမှာ ၆ဂိုးပြတ်အနိုင်ရထားပါတယ်။ မန်စီးတီးအသင်းအနိမ့်ဆုံးသရေပါပဲ။

ဝက်စ်ဟမ်း Vs စပါး

ရလာဒ်တွေဆိုးဝါးနေတဲ့စပါးအသင်း ပိုချက်တီနိုနေရာမှာ မော်ရင်ဟိုကို အစားထိုးခန့်လိုက်တဲ့အတွက် ရလာဒ်ပိုင်းတွေ  ပြောင်းလဲပေးနိုင်မလားစောင့်ကြည့်ရမယ်။ မော်ရင်ဟိုအတွက်ပရီးမီးယားလိဂ်ကိုတစ်ကျော့ပြန် လာတဲ့ပထမဆုံးပွဲမှာ အနိုင်ရလာဒ်နဲ့ဖွင့်နိုင်ဖို့ပြင်ဆင်လာမယ်။ ဆွန်၊ကိန်း၊လူးကပ်စ်မော်ရာ စတဲ့ကစားသမားတွေကို တည်ပြီး ၀က်စ်ဟမ်း ကိုအသာရဖို့ကြိုးစားလာမှာပါ။ငါးပွဲဆက်နိုင်ပွဲပျောက်ထားတဲ့ဝက်စ်ဟမ်းအသင်း စပါးကို အမြင့်ဆုံးသရေရလာဒ်ပဲရပါမယ်။

အာဆင်နယ် Vs ဆောက်သမ်တန်

ရလာဒ်တွေပြန်ဆိုးနေတဲ့အာဆင်နယ်အသင်း ဖိအားတွေများလာပါပြီ။ ဒါပေမယ့်အိမ်ကွင်းမှာ ဆောက်သမ်တန်ကို ၂၄ပွဲဆက်တိုက်ရှုံးပွဲမရှိအောင်ကစားထားနိုင်တဲ့ရလာဒ်ကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက် အကောင်း  ဆုံးပြင်ဆင်လာမှာပါ။လက်ရှိခြေစွမ်းအရဆိုရင်နှစ်သင်းလုံးက ခြေစွမ်းတွေဆိုးရွားနေပြီး နှစ်သင်းလုံးပြိုင်ပွဲစုံ ၅ ပွဲ ဆက်တိုက်နိုင်ပွဲမရှိသေးပါဘူး။ အာဆင်နယ်အသင်းဒီတစ်ပတ်မှာတော့နိုင်ပွဲပြန်ရှာတွေ့နိုင်ပါတယ်။

ပဲလေ့စ်Vsလီပါဗူး

လီပါဗူးရဲ့ဒီနှစ်ခြေစွမ်းကချန်ပီယံဖြစ်ဖို့အတွက်ရေပန်းအစားဆုံးဖြစ်လာပါပြီ။ အထူးသဖြင့် ကွင်းလယ်နဲ့တိုက်စစ်က တခြား အသင်းတွေထက် သိသိသာသာကို ပုံစံကောင်းဖော်ဆောင်ထားနိုင်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ် ၁၂တုန်းကလည်း လက်ရှိ ချန်ပီယံမန်စီးတီးကိုခြေစွမ်းအသာနဲ့ဂိုးပြတ်အနိုင်ကစားထားတယ်။ ပဲ့လေ့စ်က သာမာန်ခြေစွမ်းပဲရှိတဲ့အသင်းတစ်သင်းဖြစ်ပြီးတော့ တိုက်စစ်ကလည်း သွင်းဂိုးတွေပျောက်နေပါတယ်။ လီပါဗူးအသင်း ၂ဂိုးလောက်အနည်းဆုံးသွင်းမှာပါ။

ရှက်ဖီးလ်Vsမန်ယူ

ရလာဒ်ကောင်းတွေပြန်ရလာတဲ့မန်ယူအသင်းခြေစွာတဲ့တန်းတက်ရှက်ဖီးလ်ကိုအဝေးကွင်းမှာဘယ်လိုရင်ဆိုင်မလဲစောင့် ကြည့်ရမှာပါ။ မန်ယူတိုက်စစ်မှာ ရပ်ရှ်ဖို့ဒ်ဂိုးမြုးနေသလို ဂျိမ်းစ်၊ မာစီယဲလ် တော်မီနေးတို့အကောင်းဆုံး ပုံစံမှာရှိနေတယ်။ ရှက်ဖီးလ်အသင်းကတော့ဒီရာသီအမှတ်ပေးပွဲတွေမှာ သူ့အိမ်ကွင်းမှာကစားတဲ့ပွဲမှန်သမျှ အနိုင်အရှူံး ထွက်ပေါ်ထားပြီး တော့ သရေလုံးဝမရှိပါဘူး။ မန်ယူအသင်းပဲအနိုင်ရဖို့များပါတယ်။