အမျိုးသမီးနှစ်ဦးက တို့ ဆေးနှင့် ခေါ်ဆောင်သွားပြီး နောက် ဖျာပုံမြို့နယ် ပင်လယ် ပြင်မှ ငါးဖမ်းသင်္ဘောသို့ရောင်း စားခံရပြီး ရိုက်နှက်နှိပ်စက်ခံခဲ့ရ သည့် ဒဂုံတက္ကသိုလ်နောက်ဆုံး နှစ်ကျောင်းသားတစ်ဦးကို ကျပ် ၇ သိန်း ဖြင့်ကြောင်း ကာယကံရှင်၏မိသားစုဝင်များ က ပြောသည်။

ရန်ကုန်မြို့ ဒဂုံမြို့သစ်အ ရှေ့ပိုင်းမြို့နယ်တွင် မိသားစုနှင့် အတူနေထိုင်သော အသက်(၂၃) နှစ်အရွယ် တက္ကသိုလ်ကျောင်း သားတစ်ဦးသည် အောက်တိုဘာ ၂ ရက်က ရန်ကုန်မြို့ထဲသို့ ဈေး ဝယ်ထွက်သွားစဉ် ပျောက်ဆုံးခဲ့ သည်။ ရဲစခန်း၌ လူပျောက် တိုင်ခဲ့ပြီး နည်းမျိုးစုံဖြင့် စုံစမ်းရာ ဧရာဝတီတိုင်းဒေသကြီးဖျာပုံမြို့နယ်ရှိပင်လယ်ပြင်ငါးဖမ်း သင်္ဘောတစ်စီးတွင် ရှိနေကြောင်း အတည်ပြုနိုင်ပြီးနောက် နိုဝင်ဘာ ၁၉ ရက်တွင်  ပြန်လည်ကယ်တင် နိုင်ခဲ့ကြောင်း ကာယကံရှင်တက္က သိုလ်ကျောင်းသား၏ အစ်ကိုဖြစ်သူက ပြောသည်။

‘‘သူ(ငါးဖမ်းသင်္ဘောပေါ်သို့ ရောင်းစားခံရသူ)ပြောပုံအရ အ မျိုးသမီးနှစ်ယောက်က တို့ဆေး တို့ပြီး  ခေါ်သွား တာတဲ့။ အလုပ်ရ မယ်လို့လည်း ပြောတယ်။ တို့ ဆေးတို့ပြီး လက်မှတ်အတင်းထိုး ခိုင်းတယ်။ ပွဲစားက  သူ့အိမ်မှာလက်မှတ်ထိုးခိုင်းတယ်။ ငါးဖမ်း ဒိုင်ကို ခေါ်သွားပြီး လက်ဗွေတွေ၊ ဘာတွေ နှိပ်ခိုင်းတယ်။ပြီးတော့ တစ်ခါတည်း ဖောင်ပေါ်တင်ပေး လိုက်တယ်။ ပိုက်ဆံတွေကို သူ (ပွဲစား)ပဲ ထုတ်ယူသွားတယ်လို့ ပြောတယ်’’ ဟု ညီဖြစ်သူကြုံခဲ့ သည့်အတွေ့အကြုံကိုဆက်ပြောသည်။

‘‘ကျွန်တော်က ကျွန်တော့် ညီဓာတ်ပုံလေးပြပြီး အသနားခံ ပြီး လိုက်မေးရတာ။ တွေ့တဲ့အ ချိန်မှာ ပွဲစားက  ပိုက်ဆံထုတ်သွား တယ်ပေါ့။ ပိုက်ဆံပြန်ပေးနိုင် လားမေးတယ်။ လွှဲပေးနိုင်ပါ တယ်။ တရားလည်းမစွဲဘူး။ ကိုယ့်လူကိုရရင် တော်ပါပြီ ဆိုပြီး အသနားခံ၊ အောက်ကျို့ခံပြီး ပိုက်ဆံပြန်သွင်းပြီး ခေါ်လာရ တာ’’ ဟု  အစ်ကို ဖြစ်သူက ပြော သည်။

ညီဖြစ်သူကို လူပွဲစားက ငါး ဒိုင်တစ်ခုထံ ကျပ်ခုနစ်သိန်းဖြင့် ရောင်းစားခြင်းဖြစ်ပြီးယင်းငွေပမာဏအတိုင်းငါးဒိုင်ပြန် သွင်းပြီးမှ ခေါ်ခွင့်ရခဲ့သည်ဟု ဆိုသည်။ ရောင်းစားခံရသော ငါးဒိုင်နေရာမှ ပင်လယ်အတွင်းသို့ သင်္ဘော ဖြင့် ၁၂ နာရီခန့်သွားရ သောနေရာတွင် ငါးဖမ်းလုပ်ငန်း ခိုင်းစေခံခဲ့ရသည်” ဟုရှင်းပြ သည်။

အစ်ကိုဖြစ်သူက ‘‘နားနဲ့မျက် ခုံးမှာ ကွဲထားတယ်။ ဒဏ်ရာတွေ က ရက်ကြာနေတော့ ချုပ်လို့ မရ တော့ဘူး။ လက်ကျိုးထားတယ်။ ခေါင်းတွေပေါက်ထားတယ်။ ခြေ ထောက်မှာက အမာရွတ်တွေ၊ အသားမာတွေ  တော်တော်များ များဖြစ်နေတာ။ လက်တွေ ဖော ရောင်နေတယ်။ ဆက်မလုပ်နိုင် ရင်  ရေထဲကန်ချမယ်လို့ ခြိမ်း ခြောက်တာတွေရှိတယ်’’ ဟု ပြောသည်။

အဆိုပါအမှုကို စုံစမ်းစစ် ဆေးရန် လူကုန်ကူးမှုတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့က ပြင်ဆင်နေ သည်။ လိုအပ်သော အရေးယူမှု များ ပြုလုပ်နိုင်ရေး ခိုင်မာသော အချက်အလက်များ စုဆောင်းနေ သည်ဟု  လူကုန်ကူးမှုတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး ကြီး ခင်မောင်ကြွယ်က ပြော သည်။

အချက်အလက်နှင့်ဓာတ်ပုံအတွက်ကျေးဇူးတင်ပါသည် : 7 day daily