တနင်္ဂနွေသား/သမီး

ဒီသတင်းပတ်ကို စိတ်ပျက်ဖွယ်သတင်းပတ်လို့ခေါ်နိုင်ပါတယ် အလုပ်ကနုတ်ထွက်ချင်စိတ်ပေါက်အောင် အလုပ်ကိုစိတ်ကုန်စေတဲ့အကြောင်းအရာတွေ ကြုံတွေ့ရလိမ့်မယ် သေသေချာချာစဉ်းစားပြီး ဆုံဖြတ်ပါ။ ငွေရေးကြေးရေးကံကောင်းနေမည် ကံစမ်းလျင်ကံထူးနိုင်မည်။ စုံတွဲများသာယာမည် ချစ်သူကိုဂရုက်စိုက်မှုပေးပါ။ လူလွတ်များ ဆောင်းလေအေးနဲ့အတူ ဆက်လက်အထီးကျန်နေ မည်။

ယတြာ

ဘုရားရှိးခိုးပါ-တရားထိုင်းပါ၊ ငှက် ၉ ကောင်လွှတ်ပါ

အကျိုးပေးအရောင်

မီးခိုး၊ အဖြူ၊ မိုးပြာ

အကျိုးပေးဂဏန်း

ဝ၊ ၂

တနင်္လာသား/သမီး

ဒီသတင်းပတ်မှာ အလုပ်တာဝန်အသစ်တွေ၊ သင့်အတွက်အကျိုးရှိတဲ့အရာတွေလုပ်ကိုင်ရကိန်းရှိသည် ကြိုးစားလုပ်ကိုင်ပါ။ငွေရေးကြေးရေးထစ်ထစ်ငေါ့ငေါ့ရှိမည် သူတပါးထံငွေမချေးပါနဲ့။ စုံတွဲ များပြဿနာကင်းမဲ့ပြီးသာယာနေမည်။ လူလွတ်များ သင့်ထက်အသက်ကြီးသူချဉ်းကပ်ခံရမည်။

ယတြာ

အခက်အခဲရှိတဲ့ကလေးတွေကို ဒါနပြုပါ

အကျိုးပေးအရောင်

အပြာ၊ ပန်း

အကျိုးပေးဂဏန်း

၆၊ ၈

အင်္ဂါသား/သမီး

အလုပ်အကိုင်ကောင်းသည် လုပ်သမျှအောင်မြင်မည် ပေါသည့်အလုပ်ဖြစ်စေ လေးသည့်အလုပ်ဖြစ်စေ သင်မရွေးဘဲလုပ်ကိုင်နေမည်။ ငွေကိုချွေတာသုံးပါ စုဆောင်းပါ။ စုံတွဲများအလုပ်ချည်းပဲဖိမ လုပ်ပါနဲ့ ချစ်သူကိုအချိန်ပေးပါ။ လူလွတ်များဆက်လက်အထီးကျန်နေမည်။

ယတြာ

ဘုရားရှိခိုးပါ-တရားထိုင်ပါ၊ သာသနိကအဆောက်အဦးတွေမှာ သစ်ရွက်လှည်းပါ၊ သန့်ရှင်းရေးလုပ်ပါ။

အကျိုးပေးအရောင်

အနက်၊ အနီ၊ ပန်းရင့်

အကျိုးပေးဂဏန်း

ဝ၊ ၃၊ ၉

ဗုဒ္ဓဟူးသား/သမီး

ဒီသတင်းပတ်မှာ လုပ်သမျှအဆင်ပြေနေမည် အလုပ်ပြီးမြောက်သလို အလုပ်ရှင်ထံမှ ချီးကျူးစကားကြားရမည် လုပ်ခလစာတိုးကိန်းရှိသည်။ ငွေရေးကြေးရေးပွင့်လန်းနေမည် ဖေဖောသီသီမသုံးဖြုန်းမိဖို့သတိထားပါ အရေးပေါ်သုံးစွဲဖို့စုဆောင်းထားပါ။ စုံတွဲများသာယာမည်။ လူလွတ်များ ဖြေသိမ့်တတ်ဖို့ကြိုးစားပါ သင်ချဉ်းကပ်နေသူရဲ့လမ်းခွဲခြင်းကိုခံရမည်။  

ယတြာ

သာသနိကအဆောက်အဦးတွေကိုဆီမီးဆီလှူဒါန်းပါ

အကျိုးပေးအရောင်

စိမ်းရင့်၊ အညို

အကျိုးပေးဂဏန်း

၂၊ ၇

ဗုဒ္ဓဟူးသား/သမီး (ရာဟု)

လုပ်ရှိလုပ်နေတဲ့အလုပ်မှာစိန်ခေါ်မှုတွေကင်းမဲ့နေမည် စိတ်ဓာတ်မကျပါနဲ့ ကိုယ့်ကိုယ်ကိုတိုးတက်လာအောင်ကြိုးစားပါ။ ငွေရေးကြေးရေးတွင် ထွက်ငွေများနေသော်လည်း ကျပ်တည်းတဲ့အဆင့်ထိတော့မဟုတ်ပါ။ စုံတွဲများ အေးတိအေးစက်လောက်အောင်သာယာနေမည် ချစ်သူနဲ့အတူအလည်အပတ်ထွက်သင့်ပါတယ်။ လူလွတ်များ တစ်ယောက်သောသူကိုတိတ်တခိုးချစ်နေတယ်ဆိုရင် အမြန်ချဉ်းကပ်ပါ ဒီသတင်းပတ်ဟာ သင့်ရဲ့ရွှေအခွင့်အရေးဖြစ်လိမ့်မည်။

ယတြာ

လေ့လွင့်ခွေး၊ ကြောင်တွေကိုဒါနပြုပါ၊ ကုသိုလ်ပြုပါ-ဆွမ်းလောင်းလှူပါ

အကျိုးပေးအရောင်

အနီ၊ လိမ္မော်

အကျိုးပေးဂဏန်း

ဝ၊ ၅

ကြာသပတေးသား/သမီး

အလုပ်အကိုင်ကံကောင်းနေမည် အလုပ်ရှင်နှင့်လုပ်ဖောင်ကိုင်ဖက်တို့၏ ထောက်ပံ့မှုကိုရရှိမည် အလုပ်ကြိုးစားပြပြီး အရည်အချင်းကိုအပြည့်အဝထုတ်ပြသင့်သည် ကျန်းမာရေးဂရုစိုက်ဖို့ကိုလည်းမမေ့ပါနဲ့။ ငွေရေးကြေးရေးအဆင်ပြေသည် စုဆောင်းနိုင်မည်။ စုံတွဲများသာယာနေမည်။ လူလွတ်များသေသေချာချာစဉ်းစားဆုံးဖြတ်ပါ သင်ချဉ်းကပ်နေတဲ့သူကသင့်ဆီကတိကျတဲ့တုံ့ပြန်မှုလိုချင် နေသည်။ 

ယတြာ

ငါပြေမ ၆ ကောင်လွှတ်ပါ

အကျိုးပေးအရောင်

အပြာရင့်၊ မိုးပြာ၊ အနီ

အကျိုးပေးဂဏန်း

၁၊ ၎

သောကြာသား/သမီး

ဒီသတင်းပတ်မှာ အလုပ်အကိုင်အတက်ဘက်တွင်ရှိနေမည် လုပ်သမျှအဆင်ပြေမည် တချို့လုပ်ဖော်ကိုင်ဖက်တွေရဲ့ နောက်ကျော်ကိုဓားနဲ့ထိုးတာ သတိထားပါ။ ငွေကြေးစုဆောင်းထားပါ ငွေနဲ့ဖြေရှင်းရမယ့် ပြဿနာတွေရင်ဆိုင်ရကိန်းရှိသည်။ စုံတွဲများ ချစ်သူရဲ့အထူးဂရုစိုက်ခြင်းခံရမည် အချစ်တွေသကြားထက်ချိုမြိန်နေမည်။ လူလွတ်များဆက်လက်အထိးကျန်နေမည်။

ယတြာ

လေလွင့်ခွေး၊ကြောင်တွေကိုဒါနပြုပါ၊ ကုသိုလ်ပြုပါ-ဆွမ်းလောင်းလှူပါ သံသရာဝဋ်ကြွေးရှင်များကိုအမျှဝေပါ။

အကျိုးပေးအရောင်

အဝါ၊ လိမ္မော်၊ လိမ္မော်နီ

အကျိုးပေးဂဏန်း

၇၊ ၉

စနေသား/သမီး

ဒီသတင်းပတ်မှာ ပင်ပန်းတဲ့အလုပ်ကိုရင်ဆိုင်ဖို့ ပြင်ဆင်ထားပါ ရလဒ်ကောင်းရမည်။ ငွေကြေးသုံးစွဲဖို့ရှိပြီး စုဆောင်းနိုင်မည်။ စုံတွဲများသတိနဲ့နေပြီး ရှေ့ရေးကိုတွေးပါ သင့်ကိုချဉ်းကပ်သူရှိနိုင်ပြီး ပြဿနာကြီးမားနိုင်သည်။ လူလွတ်များ ကြိုက်နှစ်သက်တဲ့သူရှိနေရင် အချိန်မဆွဲပါနဲ့ ခြေစုံကန်တိုးဝင်လိုက်ပါ။

ယတြာ

မသန်စွမ်းကလေးများနဲ့အခက်အခဲရှိတဲ့ကလေးတွေကို ဒါနပြုပါ

အကျိုးပေးအရောင်

ပန်းရင့်၊ အနီ

အကျိုးပေးဂဏန်း

၃၊ ၆၊ ၇