အင်္ဂလိပ်ပရီးမီးယားလိဂ်ပြိုင်ပွဲက တစ်ဖြေးဖြေးနဲ့ အရှိန်ရလာပါပြီ။ ထိပ်ဆုံးမှာဦးဆောင်နေတဲ့လီပါဗူးအသင်းနဲ့ ထပ်ချပ်မကွာ နောက်ကနေလိုက်ပြီး ဖိအားပေးနေတဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းတို့ ဒီတစ်ပတ် ပွဲစဉ် ၁၂မှာ ထိပ်တိုက်တွေ့တော့မှာဖြစ်ပါတယ်။ ရှူံးပွဲလုံးဝကြုံတွေ့ရခြင်းမရှိသေးတဲ့ လီပါပူးအသင်းကို ပထမဦဆုံးရှူံးပွဲကို ကြုံတွေ့ စေဖို့အတွက် မန်စီးတီးအသင်းကြိုးစားလာမလား ဒါမှမဟုတ်ရင် ချန်ပီယံဆုအတွက် လက်ရှိချန်ပီယံကို အနိုင်ယူပြီး ရမှတ်တွေပိုဖြတိဖို့ကို လီပါဗူးအသင်းကြိုးစားလာမလား ဆိုတာ ဒီတစ်ပတ်မှာအဖြေပေါ်မှာဖြစ်ပါတယ်။

လီပါဗူး VS မန်စီးတီး

ပြီးခဲ့တဲ့ပွဲစဉ် ၁၁ မှာ တုန်းက နှစ်သင်းလုံးအကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပြီးတော့နိုင်ပွဲကိုယ်စီရယူနိုင်ခဲ့ကြတယ်။ လက်ရှိခြေစွမ်းအရဆိုရင် ပိုတည်ငြိမ်နေတာကလီပါဗူးဖြစ်ပြီးတော့ ပရီးမီးယားလိဂ်မှာရှူံးပွဲမရှိသေးတဲ့ တစ်သင်းတည်း သောအသင်းဖြစ်နေပါတယ်။ ကြားရက်မှာ ချန်ပီယံလိဂ်ပွဲကိုယ်စီကစားထားရလို့နှစ်သင်းလုံးပွဲပန်းနိုင်ပေမယ့် ဂုဏ်သိက္ခာ အတွက် ရေကုန်ရေခမ်းကစားကြမှာသေချာပါတယ်။ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၂၆ကြိမ်မှာ လီပါဗူးက သိသိသာသာ အသာရထားပြီးတော့ စုစုပေါင်း ၁၁ပွဲအနိုင်ယူထားတယ်။ အန်းဖီးလ်မှာ လီပါဗူးအသင်း အနိမ့်ဆုံးသရေကစားနိုင်ပါတယ်

ချဲလ်ဆီး VS ပဲလေ့စ်

အသင်းကြီးတွေကို ဒုက္ခပေးလေ့ရှိတဲ့ ပဲလေ့စ်ဒီတစ်ကြိမ်မှာလည်း ချဲလ်ဆီးကို ဒုက္ခပေးမလားစောင့်ကြည့်ရမယ်။ လက်ရှိခြေစွမ်းအရဆိုရင်တော့ နှစ်သင်းလုံးက အကောင်းဆုံးအနေအထားရှိတယ်။ ပဲလေ့စ်နဲ့တွေ့တိုင်း ချဲလ်ဆီး အသင်းအနေနဲ့ ခက်ခက်ခဲခဲကစားရတတ်တဲ့အစဉ်အလာကိုသတိပြုရမယ်။ နှစ်သင်းလုံးအပြန်အလှန်ထိုး ဖောက်မှုတွေနဲ့ အနိုင်ရဖို့ကြိုးစားမှာဖြစ်ပေမယ့် ချဲလ်ဆီးအသင်းကပ်အနိုင်ရနိုင်တယ်။

စပါး VS ရှက်ဖီးလ်

ပရီးမီးယားလိဂ်မှာရလာဒ်တွေဆိုးနေတဲ့စပါး ချန်ပီယံလိဂ်မှာတော့ခြေစွမ်းကောင်းတွေပိုင်ဆိုင်ထားတယ်။ ဆွန်ဟောင်မင် ပွဲပယ်ပြစ်ဒဏ်ကြောင့်ပါဝင်နိုင်မှာမဟုတ်တဲ့အတွက် အနည်းငယ်အားလျော့မှုတွေရှိနိုင်တယ်။ ရှက်ဖီးလ်ကတန်းတက် ဆိုပေမယ့် ခြေစွမ်းကောင်းတွေပိုင်ဆိုင်ထားပြီး အဆင့် ၆နေရာမှာရပ်တည်နေတယ်။ အထူးသဖြင့်အသင်းလိုက်ကစားအား  ကောင်းတဲ့ရှက်ဖီးကို စပါးအသင်း လျှော့တွက်ရင်တော့ ခံစားသွားရနိုင်တယ်။ လူမစုံပေမယ့် စပါးအသင်းအနိင်ရနိုင်ပါတယ်။

လက်စတာ VS အာဆင်နယ်

ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာစာကိုခြိမ်းခြောက်နေတဲ့ လက်စတာကို အဝေးကွင်းမှာ ရင်ဆိုင်ရမယ့် အာဆင်နယ်အတွက် ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာဖို့သေချာတယ်။ မနှစ်ကတွေ့ဆုံခဲ့တဲ့ပွဲမှာလည်း ၃ဂိုးပြတ်နဲ့ရှူံးနိမ့်ထားတယ် အာဆင်နယ်အသင်း အနေဲ့ ၂ပွဲဆက်တိုက်သရေကျထားတဲ့အတွက် ဒီပွဲမှာ အနိုင်ပြန်ရှာတွေ့ဖို့ကြိုးစားလာနိုင်ပေမယ့် လက်စတာအသင်းရဲ့လက်ရှိခြေစွမ်းအရ အမြင့်ဆုံးသရေပါပဲ။

မန်ယူ VS ဘရိုက်တန်

ပရီးမီးယားလိဂ်မှာရလာဒ်တွေဆိုးနေတဲ့မန်ယူအသင်း ယူရိုပါလိဂ်မှာတော့ နောက်တစ်ဆင့်တက်ရောက်သွားနိုင်ပြီဖြစ်လို့ ပရီးမီးယားလိဂ်မှာပြန်အားထည့်လာနိုင်တယ်။ မာစီယဲလ်၊ ရပ်ရှ်ဖို့ဒ်၊ ဒန်နီရယ်ဂျိမ်းတို့ခြေစွမ်းတွေက အကောင်းဆုံးအနေ အထားရနေတယ်။ ဘရိုက်တန်ကလည်း သူနဲ့ခြေရည်တူအသင်းတွေကို အနိုင်ကစားထားပြီး ခြေစွမ်းကလည်း အသင်းလိုက်ကစားအားကောင်းနေတယ်လို့ဆိုရမယ်။ မန်ယူကွင်းမှာတွေ့ဆုံခဲ့တဲ့သမိုင်းမှာတော့ မန်ယူအသင်းက ရာနှုန်းပြည့်အနိုင်ယူထားနိုင်တယ်။ လူပြန်စုံလာပြီဖြစ်တဲ့မန်ယူ အနိမ့်ဆုံးသရေပါပဲ။