ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဘာဘ်ဘယ် (BULBUL) ဆိုင်ကလုန်းမုန်တိုင်း၏ အရိုန်ကြောင့်မြန်မာနိုင်ငံအနှံ့မိုးသက်လေပြင်းကျရောက်နိုင်ပြီး တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသော Nakri တိုင်ဖုန်းမုန်တိုင်းအရှိန်ကြောင့် မိုးကြီးနိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားကြသည်။

‘‘ဒီဆိုင်ကလုန်းကို မုန်တိုင်း ခန့်မှန်းရေး စင်တာအများစုက တော့ ဘင်္ဂလားဒေ့ရှ်ကို ဝင်နိုင် တယ်လို့ ပြနေတယ်။ ဒါပေမဲ့ မြန်မာဘက်ကလည်း စိတ်ချနေ လို့ မရဘူး။ ကမ်းခြေကို မဝင် မချင်း မြန်မာ့ကမ်းရိုးတန်းဒေ သအားလုံးမှာလေပြင်းအန္တရာယ်နဲ့ ကုန်းတွင်းမှာက မိုးကြီးမယ့် အန္တ ရာယ်ရှိနေတယ်’’ ဟု မိုးလေဝနှင့်ဇလဗေဒဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ပြောသည်။

ဘာဘ်ဘယ်သည် ယနေ့ (နိုဝင်ဘာ ၈ ရက်)တွင် အား ကောင်းသော ဆိုင်ကလုန်းမုန် တိုင်း (Severe Cyclonic Storm)  အဆင့်သို့ ရောက်ရှိနိုင်ပြီး ယင်း၏  အရှိန်ကြောင့် မြန်မာနိုင်ငံဒေသ အနှံ့ မိုးကောင်းနိုင်ပြီး  ရန်ကုန်၊  ဧရာဝတီ၊ မကွေးတိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ်၌ နိုဝင်ဘာ ၇ ရက်နေ့လယ်မှ နောက် ၄၈ နာရီ အတွင်း  မိုးကြီးနိုင်ကြောင်းမိုးဇလဌာနက သတိပေးထားသည်။

လက်ရှိကာလ၌ ဘင်္ဂလား ပင်လယ်အော်အပြင် တောင်တ ရုတ်ပင်လယ်တွင် တိုင်ဖွန်းမုန် တိုင်း Nakri၊ပစိဖိတ်သမုဒ္ဒရာ၌ Halong မုန်တိုင်းဖြစ်ပေါ်နေ သည်။ တိုင်ဖွန်းမုန်တိုင်း Nakri အရှိန်ကြောင့် မြန်မာနိုင်ငံတွင် မိုးကြီးနိုင်ကြောင်း သတိပေးချက် ကို လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက  နိုဝင်ဘာ ၆ ရက် တွင် သတိပေးခဲ့သည်။

အချက်အလက်များအတွက်ကျေးဇူးတင်ပါသည် : 7 day daily