ညအလုပ်ဆင်းပြန်လာတဲ့ ကောင်မလေးတစ်ယောက်ရဲ့အနောက်မှာ လူတစ်ယောက်ကပ်ပါလာတယ်။ ဒါကိုသတိထားမိတဲ့ကောင်မလေးကလန့်နေတယ် ဖြစ်ချင်တော့ အပြန်လမ်းမှာ သင်္ချိုင်းတစ်ခုဖြတ်ရတော့ ဖြတ်ထိုးဥာဏ်ကောင်းတဲ့ကောင်မလေးက အုတ်ဂူတစ်ခုရှေ့မှာရပ်လိုက်တယ်  ပြီးတော့ ဂူကိုလက်နဲ့ပုတ်ပြီး “အဖေ…အဖေ…သမီးပြန်လာပြီ တံခါးဖွင့်ပေးအုန်း” လို့ပြောလိုက်တယ်။ နောက်မှာကပ်ပါလာတဲ့သူက ကောင်မလေးစကားကြောင့် ကြောက်လန့်ပြီးထွက်ပြေးသွားခဲ့တယ်။

ထွက်ပြေးသွားတဲ့လူကိုကြည့်ပြီး ကောင်မလေးက ခပ်သဲ့သဲ့ရယ်လိုက်တယ်။ အဲဒီအချိန်မှာ ဂူအနောက်က နေ အသံတစ်သံထွက်လာတယ် “သမီးကလည်း…သော့ယူသွားဖို့မေ့ခဲ့ပြန်ပြီလား” ဆိုတဲ့အသံကြောင့် ကောင်မလေးဟာ ဂူရှေ့ကနေထွက်ပြေးခဲ့ရတယ်။ ကောင်မလေးထွက်ပြေးသွားပြီးနောက် ဂူနောက်ကနေ ဂူဖေါက်နေတဲ့သူခိုးတစ်ယောက်ထွက်လာတယ် သူခိုးက “ငါ့အလုပ်ကိုအနှောင့်အယှက်ပေးတဲ့သူတွေကို မှတ်လောက်သားလောက်အောင်ဆုံးမရမယ်” ဆိုပြီးအားရပါးရရယ်နေလေရဲ့ သူခိုးဟာရယ်နေတုန်း မလှမ်း မကမ်းမှာရပ်နေတဲ့အဖိုးအိုတစ်ယောက်ကိုတွေ့တာနဲ့လှမ်းမေးလိုက်တယ်။

“အဖိုးကြီး…ဘာလုပ်နေတာလဲ” လို့မေးလိုက်တော့ အဖိုးအိုက “တောက်!! ဒီလူတွေ ငါ့နာမည်ကိုတောင်မှ မှားအောင်ရေးကြရတယ်လို့ကွာ” လို့ပြောလိုက်တယ် အဖိုးအိုစကားကိုကြားလိုက်ရတဲ့သူခိုးဟာ ထွက်ပြေး သွားခဲ့တယ် ထွက်ပြေးသွားတဲ့သူခိုးကိုကြည့်ပြီးအဖိုးအိုဟာ နှစ်နှစ်ခြိုက်ခြိုက်ရယ်နေခဲ့တယ်။ အဖိုးအိုက ငါ့စားကျက်ကိုလုနေတဲ့ကောင်တွေ ကောင်းကောင်းဆုံးမရမယ်လို့ မာန်နဲ့ရေရွတ်လိုက်တယ်။

အဖိုးအိုရေရွတ်လို့မဆုံးခင်မှာပဲ သံတူရွင်းမတော်တဆပြုတ်ကျသွားတယ် သံတူရွင်းကိုကုန်းပြီးကောက်ဖို့ ကြိုးစားတဲ့အချိန်မှာပဲ “ဘယ်ကကောင်လဲကွ ငါ့မှတ်တိုင်ကိုလျှောက်ဖျက်နေတာ” ဆိုတဲ့အသံထွက်လာ တယ် အဖိုးအိုလည်းဘေးဘီပတ်လည်ကိုကြည့်လိုက်တဲ့ လူသူမရှိဘဲအသံထွက်လာတဲ့အတွက် အဖိုးအို လည်းထွက်ပြေးသွားခဲ့ရတယ် အဖိုးအိုထွက်ပြေးသွားတော့မှ ချုံထဲမှာပုန်းနေတဲ့ သံတိုသံစ ကောက်တဲ့ လူတစ်ယောက်ထွက်လာတယ် “ဒီလူတွေတော်တော် သရဲဘောကြောင်ကြတာပဲ သံတူရွင်းရလည်း မဆိုးပါဘူး” ဆိုပြီးပြန်သွားတယ် အဲဒီအချိန်မှာပဲ အဲဒီအဖြစ်အပျက်တွေကိုဖတ်လိုက်ရတဲ့ ရုပ်ဆိုးဆိုးနဲ့ သရဲကပြုံနေလေသတဲ့…… ရွှင်လန်းချမ်းမြေ့ကြပါစေ

အချက်အလက်များအတွက်ကျေးဇူးတင်ပါသည် :  Mine coins – make money