မြေပြင်ပေါ်က နတ်ပြည်အလှတရားနဲ့ ခရီးသွားများလာရောက်ထိတွေ့ဖို့ ဆွဲဆောင်အားကောင်းတဲ့အရှေ့ တောင်အာရှရဲ့ ထိပ်တန်းလည်ပတ်စရာနေရာ တနေရာတည်းစုစည်းထားတဲ့ ဒေသတွင်းနဲ့ ကမ္ဘာတလွှားက အပင်မျိုးစိတ်တွေကို မှင်သက်ရှုမောဖွယ်များ ကမ္ဘာပတ်ရသလို ထိုက်တန်တဲ့ထိတွေ့မှုတခုပဲဖြစ်ပါတယ်။

Nongnooch ကမ္ဘာ့အဆင့်မီဥယျာဉ်ဟာ Pattaya နယ်မြေ Chonburi ခရိုင်ထဲမှာတည်ရှိပါတယ်1,500 ရိုင့် (590 ဧက) ကျယ်ဝန်းပါတယ် ခရီးသွားဧည့်သည်တွေလာရောက်ရှုစားရတဲ့ နိုင်ငံရဲ့ လည်ပတ်စရာအထင်ကရနေရာဖြစ်ပါတယ် ဥယျဉ်ကို 1980 ခုနှစ်မှာ တရားဝင်ဖွင့်လှစ်ခဲ့ပြီး ကြီးမားတဲ့ဥယျာဉ်တွေဝိုင်းဝန်းထားတဲ့ ယဉ်ကျေးမှုအနုပညာတွေပြသခြင်းနဲ့ အစပျိုးခဲ့တာကနေ လက်ရှိခန့်ညားတဲ့နိုင်ငံတကာဥယျာဉ်ဖြစ်လာအောင် မြှင့်တင်ခဲ့ပါတယ် အတွင်းမှာ အမျိုးမျိုးသောဥယျာဉ်ပေါင်း 60 နေရာထိရှိပါတယ် ရေပန်းစားများတဲ့ဥယျာဉ်တွေကတော့ ပုံစံမျိုးစုံဖန်တီးထားတဲ့အပင်တွေကို ရုပ်ကြွတွေနဲ့သဟဇာတဖြစ်အောင် ခင်းကျင်းထားတဲ့ ဥရောပဥယျာဉ် ကလေးတွေကြိုက်နှစ်သစ်တဲ့အပင်တွေကို တိရစ္ဆာန်ပုံဖန်တီးထားတဲ့ဥယျာဉ် ကမ္ဘာ့အံ့ဖွယ် 7 ခုတွင် 1 ခုအပါအ၀င်ဖြစ်တဲ့ Stonehenge ကျောက်တုံးကြီးများ ကမ္ဘာအရပ်ရပ်ကရှားဇောင်းပင် (ဇောင်းကြမ်းပင်) အမျိုးအစားပေါင်း 300 ကျော်ကို တနေရာတည်းမှာစုစည်းထားတဲ့ ရှားစောင်းဥယျာဉ် ခရီးသွားဧည့်သည်တွေ အမှတ်တရဓါတ်ပုံရိုက်လေ့ရှိတဲ့ ဥယျာဉ်ကြီးကို မြင်ကွင်းကျယ်ရှုစားနိုင်တဲ့3 ကီလိုမီတာ ရှည်လျားတဲ့ Sky walk ဒါ့အပြင် တိရစ္ဆာန်ရုံငယ်လေးတွေနဲ့ တိရစ္ဆာန်ပြပွဲလည်းရှိပါတယ် ဥပမာ လာရောက်ကြည့်ရှုသူတွေကို ပျော်ရွှင်စေတဲ့ ဆင်လိမ္မာတွေဖြစ်ပါတယ်

အသက်အရွယ်ကြီးသူတွေ ပါဝင်တဲ့မိသားစုတွေအနေနဲ့ လမ်းအများကြီးလျှောက်ရဖို့ မစိုးရိမ်ပါနဲ့ ဒီမှာ ဥယျာဉ်တွေကို လိုက်ပို့ပေးတဲ့ဥယျာဉ်ကားဝန်ဆောင်မှုရှိပါတယ် Nongnooch ဥယျာဉ်ကို နေ့စဉ်ပိတ်ရက်မရှိ 8.00 – 18.00 နာရီထိ ဖွင့်လှစ်ထားပါတယ် အရပ် 90-130 စင်တီမီတာရှိတဲ့ ကလေးတွေအနေနဲ့ တစ်ဦးကိုဝင်ကြေး 80 ဘတ်နဲ့ လူကြီးတွေကတော့ 150 ဘတ် ပေးဆောင်ရမှာဖြစ်ပါတယ် ဆင်လိမ္မာပြပွဲလို ၀င်ကြေးပေးဆောင်ရတဲ့ပြပွဲတွေကို ၀င်ရောက်ကြည့်ရှုမယ်ဆိုရင်တော့ တစ်ဦးကို 250 ဘတ် ထပ်မံပေးဆောင်ရပါမယ် ဥယျာဉ်ကိုနေ့ချင်းပြန် သွားရောက်လည်ပတ်နိုင်သလို လမ်းကြောင်းမျိုးစုံနဲု့သွားနိုင်ပါတယ် ဘန်ကောက်- ပတ္ထရား အံစာတုံးကားစီးပြီး ပတ္ထရားကားဂိတ်မှာဆင်းပြီးတော့ ဥယျာဉ်ကို ကားဆက်စီးသွားလို့ရပါတယ် ဒါမှမဟုတ် ဘန်ကောက်-စတ္တဟစ်လိုင်းကားစီးသွားလို့လည်းရပါတယ် ဒါ့အပြင် ရထားစီးသွားပြီး Nongnooch ဥယျာဉ်ဘူတာမှာဆင်းနိုင်ပါတယ် အသေးစိတ်အချက်အလက်များကို ဖုန်းနံပါတ် 038-238061-63 မှာ မေးမြန်းနိုင်ပြီးတော့ www.nongnoochtropicalgarden.com မှာလည်းထပ်မံကြည့်ရှုနိုင်ပါတယ်။

အချက်အလက်များနှင့်ဓါတ်ပုံများအတွက် ကျေးဇူးတင်ပါတယ် : Tourism Authority of Thailand