ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲ့ဆောက်မြို့ စီမွယ်ဈေးအနီးတွင် ဖွင့်လှစ်ထားသည့် မဲ့ဆောက်မြို့အတွင်းနာမည်ကြီး မြန်မာစားသောက်ဆိုင်တစ်ခု၌  ၂၀၁၉ နိုဝင်ဘာလ ၄ ရက်နေ့ညတွင် လက်ဝတ်ရတနာပစ္စည်းများနှင့် ငွေသားများကို ခိုးယူခြင်းခံခဲ့ရသည် ဟုသိရသည်။

အခင်းဖြစ်ပွားရာနေအိမ်ပုံသဏ္ဍန်မှာ အောက်ဆုံးအထပ်တွင်စားသောက်ဆိုင်ဖွင့်လှစ်ထားပြီး အပေါ်ထပ်တွင်လူနေထိုင် သည့် ၃ ထပ်တိုက် တန်းလျားဖြစ်သည်။ တာဝန်ရှိသူများသွားရောက်စစ်ဆေးချိန်တွင် မဆန်းသူ အသက် ၄၂ နှစ်နေထိုင် သည့်အခန်းတွင် ပစ္စည်းများပြန့်ကျဲနေပြီး သော့ ၃ ခုဖြင့်ခတ်ထားသည့် ကျွန်းသစ်ဖြင့်ပြုလုပ်ထားသည့်မီးခံသေတ္တာကို ဖွင့်လျက်အနေအထားဖြင့်တွေ့ရပြီး ကျွန်းမီးခံသေတ္တာထဲသိမ်းထားသည့် ငွေသား ကျပ်သိန်း ၃၀၀ (ဘတ် ၆ သောင်းခွဲခန့်) ရွှေ ၅ ကျပ်သား နှင့် လက်စွပ်များ စုစုပေါင်းဘတ် ၁ သန်းခန့် ခိုးယူခြင်းခံခဲ့ရသည်ဟုသိရသည်။

မဆန်းသူကိုမေးမြန်းရာတွင် မဆန်းသူသည် မြ၀တီမြို့ရှိဘဏ်တစ်ခု၌ ၄င်းအပ်ထားသည့် ကျပ်ငွေသိန်း ၃၀၀ ကို ကလေး တွေအတွက်အိမ်ဝယ်ရန်ရည်ရွယ်ကာထုတ်ယူခဲ့ ပြီး၎င်းနေထိုင်ရာမဲ့ဆောက်မြို့ရှိအိမ်သို့ပြန်လာ၍ ကျွန်းသစ် ဖြင့်ပြုလုပ် ထားသည့်မီးခံသေတ္တာအတွင်း အခြားလက်ဝတ် ရတနာများနှင့်အတူ သော့ ၃ ထပ်ခတ်ခါ သိမ်းဆည်းထားခဲ့ တယ်လို့ ဆိုပါတယ်။ ၄ ရက်နေ့ညတွင်တော့ ၄င်းအခန်းအတွင်းသို့ဝင်သွားချိန်တွင် အခန်း၌ပစ္စည်းများပြန့်ကျဲနေပြီး ၁၅ နှစ်ကြာစုဆောင်းထားသည့် ငွေသားနှင့် လက်ဝတ်ရတနာများခိုးခံရခြင်းကိုသိခဲ့ရတယ်လို့ဆိုပါတယ်။

မဲ့ဆောက်မြို့တာဝန်ရှိသူများကတော့ ဖေါက်ထွင်းခိုးယူသွားသည့်သူခိုးသည် ဓာတ်သိပဲဖြစ်တယ်လို့ သိန္နှဋ္ဌာန်ချထားပြီး သံသယရှိရသည့်သူများကို ခေါ်ယူစစ်ဆေးလျှက်ရှိတယ်လို့သိရပါတယ်။

အချက်အလက်နှင့်ဓာတ်ပုံများအတွက်ကျေးဇူးတင်ပါသည် : Thairath