နိုင်ငံခြားခရီးသွားများစိတ်ဝင်တစားစောင့်ဆိုင်းလျက်ရှိတဲ့ “Wat Saket Ratcha Wora Maha Wihan” သို့မဟုတ် ရွှေတောင်ဘုန်းကြီးကျောင်း ရွှေတောင်စေတီဘုရားပွဲတော် ၂၀၁၉ နိုဝင်ဘာလ ၄ ရက်နေ့မှာ စတင်ပါပြီ။

၁. ရွှေတောင်စေတီတော်ရွှေသင်္ဃန်းကပ်လှုပွဲ ကိုတော့ ၂၀၁၉ နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၆ နာရီအချိန်မှာ စတင်ကျင်းပတာဖြစ်ပြီး ပွဲအစီအစဉ်အရတော့ သင်္ဃန်းပေါ်မှာပွဲလာရောက်သူအလူရှင်များ အမည်များကိုရေး ထိုးပြီးရွှေတောင်စေတီတော်ကိုရွှေသင်္ဃန်းကပ်လှုမှာပဲဖြစ်ပါတယ်

၂. “Wat Saket Ratcha Wora Maha Wihan” သို့မဟုတ် ရွှေတောင်ဘုန်းကြီးကျောင်း ရွှေတောင်စေတီဘုရားပွဲတော် ကတော့ ဂန္တ၀င်ဆန်ဆန်ခေတ်ဟောင်းစတိုင်ဘုရားပွဲတော်ကိုကျင်းပတာကြောင့် ပြည်တွင်းပြည်ပခရီးသွားများကိုနှစ်စဉ် ဆွဲဆောင်မှုအပြည့်ပေးစေတဲ့ ဘုရားပွဲတော်လို့ပြောလို့ရပါတယ် ရွှေတောင်ဘုရားပွဲတော်အတွင်းထိုင်းရိုးရာအစားအစာများ၊ ချားရဟတ်များ၊ ရိုးရာဂိမ်းကစားနည်းများ ပါရှိတာကြောင့် ပျော်ပျော်ရွှင်ရွှင်ကုသိုလ်ယူပြီး ဆင်နွှဲခွင့်ရမှာပါ ဘုရားပွဲအတွင်း ပြင်ဆင်မှုများ ကျင်းပပုံများဟာလည်း ကျမတို့ မြန်မာနိုင်ငံမှဘုရားပွဲများနဲ့ ဆင်တာကြောင့်လည်း အရမ်းကိုအဆင်ပြေစေ မှာပါ ရွှေတောင်ဘုရားပွဲကိုတော့ ၂၀၁၉ နိုဝင်ဘာလ ၄ ရက်နေ့မှ ၁၃ ရက်နေ့အထိ မနက် ၇း၀၀ နာရီမှ ည ၁၂း၀၀ နာရီ အထိကျင်းပပေးနေတာကြောင့် အားလပ်ရက်မှာသွားရောက်ဆင်နွှဲကြဖို့မမေ့ကြနဲ့နော်…

“Wat Saket Ratcha Wora Maha Wihan” သို့မဟုတ် ရွှေတောင်ဘုန်းကြီးကျောင်း ဟာဆိုရင် ထိုင်းနိုင်ငံဘန်ကောက်မြို့ မြဘုရားအနားမှ တရုတ်တန်းနားမှာရှိတဲ့ ထိုင်းနိုင်ငံရဲ့နာမည်ကြီး ဘုန်းကြီးကျောင်းတစ်ကျောင်းဖြစ်ပါတယ်

အချက်လက်နှင့်ဓာတ်ပုံများအတွက်ကျေးဇူးတင်ပါသည်  : Thailand Festival, BRIGHT TODAY, siamrath, MTHAI