စမွတ်ဆာခွန်ခရိုင် ကထုန်ဘန်မြို့နယ် ခဲရိုင်လမ်းမကြီးတွင် မြန်မာနိုင်ငံသား ၂ ဦးစီးလာသည့်ဆိုင်ကယ်နှင့် ဘတ်စ်ကားတိုက်မိရာမှ ၂ ဦးလုံးသေဆုံးမှု ၂၀၁၉ နိုဝင်ဘာလ ၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။ သေဆုံးသူ  နှစ်ဦးသည်မြန်မာနိုင်ငံသားများဖြစ်ပြီး မည်သည့်အထောက်အထားမှ မပါရှိတာကြောင့် မည်သူမည်ဝါမှန်း မသိရသေးပါ။

၂၀၁၉ နိုဝင်ဘာလ ၃ ရက်နေ့ ဒေသခံအချိန် ည ၂၁.၃၀ ခန့်တွင် စမွတ်ဆာခွန်ခရိုင် ကထုန်ဘန်မြို့နယ် ခဲရိုင်လမ်းမကြီးပေါ်တွင်ယာဉ်တိုက်မှုဖြစ်ပွားသည်ဟု ကထုန်ဘန်ရဲစခန်းသို့အကြောင်းကြားလာသော ကြောင့်အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးရာတွင် သေဆုံးသူမောင်းနှင်လာသည့် ဆိုင်ကယ် လိုင်စင်နံပါတ် 1กก 7297 สระบุรี Honda Wave အမျိုးအစား အနီအမည်းအရောင်ဆိုင်ကယ်တစ် စင်းကိုကြေမွနေသည့်အနေအထားနှင့်တွေ့ရပြီး  ဂျင်းဘောင်းဘီအရှည်၊ ရှပ်အင်္ကျီဝတ်ထားသည့် မျက်နှာနှင့် ဦးခေါင်းတွင်ပြင်းထန်ဒဏ်ရာဖြင့်သေဆုံးနေသည့်သူတစ်ဦး၊ ဂျင်းဘောင်းဘီအတို၊ ရှပ်အင်္ကျီဝတ်ထားသည့် ပက်လက်လှန်အနေအထားဖြင့် ဦးခေါင်းမှသွေးများစွာထွက်လျက်သေဆုံး နေသည့်သူတစ်ဦးကိုတွေ့ရှိရသည်။

၃၀၀ မီတာခန့်အကွာအဝေးတွင်တော့ ကားအရှေ့တွင်အရှိန်ပြင်းထန်စွာတိုက်မိထားသည့် အနေအထား ကြောင့် ပိန်လိန်နေသည့် ကားလိုင်ဆင်နံပါတ် 33-6400 ဘတ်စ်ကားတစ်ဆင်းရပ်နားနေတာကိုတွေ့ရပြီး မောင်းနှင်သူကိုတော့မတွေ့ခဲ့ရပါ။ အနည်းငယ်ကြာမှ ဘတ်စ်ကားမှောင်းနှင်သူသည်ရဲစခန်းသို့ လာရောက် အဖမ်းခံပြီး ထွက်ပြေးတိမ်းရှောင်သွားတာမဟုတ်ဘဲ ကားဘရိတ်ပေါက်သွားခြင်းကြောင့် ကားပြင်ဆရာ သွားခေါ်နေသဖြင့် ယာဉ်တိုက်မှုဖြစ်ပွားသည့်နေရာတွင် ၄င်းမရှိတာဖြစ်တယ်လို့ထွက်ဆိုခဲ့ပါတယ်။

တာဝန်ရှိသူများကတော့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့နေရာမှကားနှင့်ဆိုင်ကယ်ကိုသယ်ဆောင်လာပြီးယာဉ်တိုက်မှု ဖြစ်ရတဲ့အရင်းအမြစ်ကိုဖေါ်ထုတ်ရန်အတွက် စစ်ဆေးနေဆဲဖြစ်ပြီး ဘတ်စ်ကားမောင်းသူကိုတော့ဥပဒေအတိုင်း ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်

အချက်အလက်နှင့်ဓာတ်ပုံများအတွက်ကျေးဇူးတင်ပါသည်  : Thairath