တနင်္ဂနွေသား/သမီး

ဒီသတင်းပတ်သည် ဒုက္ခရောက်ကိန်းဆိုက်သည့်ကာလဖြစ်သည် လုပ်သမျှအလွဲလွဲအမှားမှားဖြစ်မည် ကာယစိတ်တနှစ်ပါးလုံးကျဆင်းမည် စိတ်ရှည်ခြင်းကသာပြဿနာတွေကို ကျော်လွှားနိုင်မည်။ ငွေရေးကြေးရေးအထွဋ်အထိပ်ရောက်မည် ငွေကြေးရွှင်မည့်အပြင် ကံစမ်းရာကနေကံထူးကိန်းရှိသည်။ စုံတွဲများ စကားအပြောအဆိုကြောင့်ချစ်သူနဲ့စိတ်ဝမ်းကွဲကိန်းရှိသည်။ လူလွတ်များ ကိုဝင်ရောက်ချဉ်းကပ်သူများအဆက်အပြတ်ရှိနေမည်။

ယတြာ

ဘုရားရှိခိုးပါ-တရားထိုင်ပါ

အကျိုးပေးအရောင်

ပန်း၊ ပန်းရင့်၊ စိမ်းရင့်

အကျိုးပေးဂဏန်း

၁၊ ၆

တနင်္လာသား/သမီး

ဆက်တိုက်ဝင်လာမယ့်ပင်ပန်းရှုပ်ထွေးတဲ့အလုပ်ကိုလက်သင့်ခံဖို့ ကိုယ်စိတ်နှစ်ပါးလုံးကိုပြင်ဆင်ထားပါ အမှားမရှိဘဲကျော်လွှားနိုင်လျင် တန်းဖိုးကြီးတဲ့အကျိုးခံစားခွင့်ပြန်ရမည်။ ငွေရေးကြေးရေးလက်မပြတ်ပါ ဒါပေမဲ့ ငွေကြေးအလွန်အကျွံမသုံးစွဲမိဖို့သတိပြုပါ။ စုံတွဲများ သာယာတဲ့ချစ်ခြင်းနဲ့ အတူဆောင်းရာသီကိုကြိုဆိုခွင့်ရမည်။ လူလွတ်များအထီးကျန်နေမည်။ 

ယတြာ

သာသနိကအဆောက်အဦးတွေကိုရေခ၊ မီးခလှူဒါန်းပါ၊ ငါးပြေမ ၆ ကောင်လွှတ်ပါ။

အကျိုးပေးအရောင်

အ၀ါ၊ အနီ်၊ ငှက်သွေး

အကျိုးပေးဂဏန်း

၎၊ ၈၊ ၉

အင်္ဂါသား/သမီး

ပြီးခဲ့တဲ့သတင်းပတ်ကရှုပ်ထွေးလွန်းတဲ့အလုပ်တွေ ဒီသတင်းပတ်မှာဖြေလျော့လာပြီး သက်သာလာမည် ဒါပေမဲ့ သတိလွတ်ပြီးအမှားအယွင်းမဖြစ်အောင်သတိပြုပါ။ ငွေရေးကြေးရေးကံကောင်းသည် ငွေရွှင်ပြီး စုဆောင်းနိုင်မည်။စုံတွဲများ ချစ်သူကိုဂရုစိုက်ပေးပါ။ လူလွတ်များအဖြေရကိန်းရှိသည်။ 

ယတြာ

မသန်စွန်းကလေးများနှင့်အခက်အခဲရှိသည့်ကလေးများကို ဒါနပြုပါ

အကျိုးပေးအရောင်

ခရမ်း၊ လိမ္မော်

အကျိုးပေးဂဏန်း

ဝ၊ ၃

ဗုဒ္ဓဟူးသား/သမီး

ဒီသတင်းပတ်မှာ လုပ်ဖော်ကိုင်ဖက်တွေကနေ နောက်ကျောကိုဓားနဲ့ထိုးတာကြောင့် အလုပ်နဲ့ပတ်သက်ပြီး စိတ်ဒုက္ခရောက်မည် အနာကြီးပြီး မေ့မျှော်နိုင်သည် ဆေးရုံပို့ဆောင်ဖို့ပြင်ဆင်ထားပါ စိတ်ရှည်သီးခံပြီး ကိုယ့်ရဲ့ကိုယ်ရည်ကိုသွေးကိုဖော်ပြပါ။ ငွေရေးကြေးရေးတိုးတက်လာမည် သုံးဖို့ရှိပြီး စုဆောင်းနိုင်မည်။ စုံတွဲများ ဖောက်ပြန်တဲ့ကိစ္စနဲ့ပတ်သက်ပြီး သင့်ရဲ့ချစ်သူကိုအထူးသတိထားပါ။လူလွတ်များ ချဉ်းကပ်နေသည့်သူထံမှ ကွက်ကွက်ကွင်းကွင်းရှိလာမည်။

ယတြာ

သာသနိကအဆောက်အဦးတွေကိုသန့်ရှင်းရေးလုပ်ပါ၊ ငှက် ၉ ကောင်လွှတ်ပါ

အကျိုးပေးအရောင်

မီးခိုး၊ မီးခိုးရင့်၊ လိမ္မော်

အကျိုးပေးဂဏန်း

ဝ၊ ၁၊ ၅

ဗုဒ္ဓဟူးသား/သမီး (ရာဟု)

ပြီးခဲ့တဲ့သတင်းပတ်က အလုပ်အကိုင်အဆင်ပြေတာထက် ပိုပြီးအောင်မြင်လာမည် လုပ်သမျှအောင်မြင်မည်။ ငွေရေးကြေးရေးတွင် ၀င်ငွေကောင်းမည် ကံထူးကိန်းရှိသည် နှစ်ထပ်ကွမ်းလာဘ်ဝင်ခြင်းနဲ့ကြုံမည်။ စုံတွဲများသာယာမည် စိတ်ဝမ်းကွဲသည့်ပြဿနာပြေလည်မည်။ လူလွတ်များ တစ်ဦးတစ်ယောက်ကိုချဉ်းကပ်နေလျင် တကယ်ချစ်ပါ အပီအပြင်လုပ်ပါ။

ယတြာ

ဆွမ်းလောင်လှူကုသိုလ်ပြုပြီး သံသရာဝဋ်ကြွေးရှင်များကိုအမျှဝေပါ။

အကျိုးပေးအရောင်

အနက်၊ စိမ်းနု

အကျိုးပေးဂဏန်း

၂၊ ၇

ကြာသပတေးသား/သမီး

ဒီသတင်းပတ်မှာ ကြုံနေကြပြဿနာတွေကိုသာရင်ဆိုင်နေရာတာကြောင့် အလုပ်ကိုစိတ်ကုန်မည် စိတ်ရှည်ပါ နောက်သတင်းပတ်မှာအခြေအနေမတိုးတက်လာခဲ့ရင် စိတ်ခေါ်မှုအသစ်တွေ ရှာဖွေဖို့ စဉ်းစားပါ။ ငွေရေးကြေးရေးပုံမှန်ရှိသည် ၀င်ငွေရောထွက်ငွေပါရှိနေမည်။ စုံတွဲများ ချဉ်းကပ်လာ သူရှိမည် သတိကြီးကြီးထားပြီး ရေရှည်ကိုကြည့်ပါ။ လူလွတ်များဆက်လက်အထီးကျန်နေမည်။

ယတြာ

သာသနိကအဆောက်အဦးတွင်သစ်ရွက်လှည်းပါ။ ဘုရားရှိခိုးပါ-တရားထိုင်ပါ။

အကျိုးပေးအရောင်

အပြာ၊ လိမ္မော်၊ အနီ

အကျိုးပေးဂဏန်

၃၊ ၉

သောကြာသား/သမီး

အလုပ်အကိုင်ကောင်းမွန်သည် အလုပ်ရှင်နဲ့လုပ်ဖော်ကိုင်ဖက်တွေထံကအထောက်အပံ့ရမည် အလုပ်ကြိုးစားပြီး အရည်အချင်းအပြည့်အ၀ဖော်ပြလိုက်ပါ။ ငွေရေးကြေးရေးအသင့်အတင့်ရှိသည်။ မိသားစုဝင်တွေရဲ့ကျန်းမာရေးကြောင့်ငွေကုန်ကြေးကျရှိနိုင်သည်။ စုံတွဲများသာယာမည်။လူလွတ်များ ဆုံးဖြတ်ချက်ချရမည့်အချိန်ဖြစ်ခြင်းကြောင့် ဆုံဖြတ်ရခက်နေမည်။

ယတြာ

သာသနိကအဆောက်အဦးတွေကိုဆီမီးဆီလှူဒါန်းပါ၊ ငါးပြေမ ၆ ကောင်လွှတ်ပါ။

အကျိုးပေးအရောင်

ပန်း၊ ပန်းရင့်

အကျိုးပေးဂဏန်း

ဝ၊ ၄၊ ၅

စနေသား/သမီး

အလုပ်အကိုင် တိုးတက်နေမည် အလုပ်ရှင်နဲ့လုပ်ဖော်ကိုင်ဖက်တွေထံက အပြည့်အ၀ပံ့ပိုးမှုရရှိမည် တက်လမ်းကဒီလောက်တင်ရပ်တန့်နေမှာမဟုတ်ပါဘူး သည့်ထက်ပိုကောင်းအောင်လုပ်နိုင်သေးသည် ရာနှုန်းပြည့်ကျိုးစားမယ်ဆိုရင် အလင်းလိုမြန်ဆန်တဲ့အောင်မြင်မှုတွေနဲ့ကြုံရမည်။ ငွေရေးကြေးရေးတွင် အလွန်အကျွံမသုံးစွဲမိဖို့သတိပြုပါ ဒီသတင်းပတ်ကုန်ပိုင်းမှာ ပြဿနာတစ်စုံတစ်ခုကိုဖြေရှင်းဖို့အတွက်ငွေသုံးစွဲရကိန်းရှိသည်။ စုံတွဲများ စကားသတိထားပါ။ လူလွတ်များ ချဉ်းကပ်သူများတသဲသဲရှိမည်။

ယတြာ

လေလွင့်ခွေး၊ လေလွင့်ကြောင်တွေကိုဒါနပြုပါ၊ သံသရာဝဋ်ကြွေးရှင်များကိုရည်စူးပြီး ဆွမ်းလောင်းလှူကုသိုလ်ပြုပါ။

အကျိုပေးအရောင်

အ၀ါ၊ လိမ္မော်၊ အနီ

အကျိုးပေးဂဏန်း

၁၊ ၇၊ ၉