လွန်ခဲ့တဲ့ ၃ နှစ်လောက်က ကျနော်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်လေးတစ်ခုပါ ကျနော်အမေက ကားဝပ်ရှော့တစ်ခုဘေးမှာ ညလုံးပေါက်စားသောက်ဆိုင်ဖွင့်ထားတာပါ ကားဝပ်ရှော့သူဌေးကလည်းအရမ်းကိုသဘောကောင်းလှပါတယ် ကျနော်တို့ ကသိတာကြာပြီဖြစ်မယ့်လည်း သူဌေးရဲ့နာမည်ကိုမသိတော့ “ထောက်ကယ်” လို့ခေါ်တာနှုတ်တောင်ကျိုးနေပါပြီ ထောက်ကယ်က၀ပ်ရှော့ထဲမှာခွေး ၂ ကောင်မွေးထားပါတယ်။

တစ်ညမှာ ကျနော့်အမေဆိုင်သိမ်းနေတုန်းကျနော်ကဆိုင်ရှေ့မှာထိုင်နေတာမကြာဘူး ထောက်ကယ် ရဲ့ကားဝပ်ရှော့ထဲက ခွေးဟောင်သံကြားလို့ သွားကြည့်တာ ထောက်ကယ်ကကားဝပ်ရှော့ရှေ့မှာရပ်နေတယ် ခွေးတွေကလည်းထောက်ကယ် ကိုကြည့်ပြီးဟောင်နေလို့ ကျနော်က “ထောက်ကယ်ဘာလို့အိမ်ထဲမ၀င်တာလဲ” ဆိုတော့ ထောက်ကယ်ကခေါင်းခါပြီး  “၀င်မရဘူးလို့ပြောတယ်” ကျနော်က “သော့မေ့ခဲ့လို့လား” လို့မေးတော့ ထောက်ကယ်ကဘာမှပြန်မဖြေဘဲခါပြနေတယ် ကျနော်လည်းထပ်ပြီးတော့ “ဘာလို့အိမ်ထဲမ၀င်တာလဲ ?” လို့ထပ်မေးတော့ ထောက်ကယ်ကခေါင်းပဲခါပြတယ် ဒါနဲ့ကျနော် လည်းဘာမှထပ်မမေးတော့ပဲ ကျနော့်အမေဆိုင်ကိုပဲပြန်လာလိုက်တယ်

ခဏကြာတော့ ကျနော်တို့ဆိုင်ကိုလာအားပေးနေကြ ဖောက်သယ်တစ်ဦးရောက်လာတယ် ဒီနေ့သူလာတာခါတိုင်းထက် နည်းနည်းနောက်ကျတော့ကျနော်က “ဒီနေ့ဘာလို့နောက်ကျနေတာလဲ ?” လို့မေးလိုက်တော့သူက “လမ်းမှာကားအက် စီးဒန့်ဖြစ်ပြီးလူတစ်ယောက်သေနေတာဘယ်သူလဲလို့ဝင်ပြီးစုံစမ်းနေလို့ကြာနေတာ” လို့ပြန်ဖြေတယ် ကျနော်လည်းသိချင် ဇောနဲ့ဆိုင်ကယ်နဲ့အခင်းဖြစ်တဲ့နေရာကိုရောက်သွားတော့မှ သေဆုံးသူကိုတွေ့လိုက်တာ အရမ်းအံသြသွားတယ် ကားဝပ်ရှော့က ထောက်ကယ်နဲ့အရမ်းတူနေတယ် ကျနော်ပဲမျက်စိမှားတာလားဆိုပြီးသွေးပေရေနေတဲ့မျက်နာကိုကြည့် တော့လည်းခွဲမရအောင်တူနေတော့် ကျနော်လည်းလက်ကိုကြည့်လိုက်တော့ ထောက်ကယ်ပတ်နေကျလက်ပတ်နာရီလေး တွေ့လိုက်တော့မှ ထောက်ကယ်ဖြစ်နေတာကိုစိတ်မကောင်းစွာသိလိုက်ရတယ်။

ကျနော်အတွေးပေါင်းစုံနဲ့အခင်းဖြစ်ပွားတဲ့နေရာမှာရှိတဲ့ အသက်ကယ်ဆယ်ရေးအဖွဲ့ကအကိုတစ်ယောက်ကိုမေးလိုက် တယ် “ထောက်ကယ်အက်စီးဒန့်ဖြစ်တာကြာပြီလား အကို” ဆိုတော့ သူက “၁ နာရီလောက်တော့ရှိပြီ” လို့ပြန်ဖြေတော့ ကျနော်လည်းအံ့သြစွာနဲ့ပြန်ငြင်းလိုက်တယ် “မဟုတ်တာအကိုရာ ခနလေးတင်ကျနော်နဲ့စကားပြောနေတာ” လို့ပြော လိုက်တော့ အသက်ကယ်ဆယ်ရေးအဖွဲ့ကအကိုကပြုံးပြီး “ငါ့ညီကိုထောက်ကယ်ကလာနှုတ်ဆက်သွားတာကိုး”

ဓာတ်ပုံအတွက်ကျေးဇူးတင်ပါသည် : hororthai