Asiatique သည် ဘန်ကောက်မြို့ ၏ ပထမဆုံး မြစ်ကမ်းနံဘေး ဈေးဝယ်ထွက်စရာ နေရာဖြစ်ကာ ဈေးဝယ်စရာဆိုင်ပေါင်း 1500 ဆိုင် စုစည်းတည်ရှိကာ လူမျိုးပေါင်းစုံတို့ ၏ အစားအစာများတည်ရှိပြီး လည်ပတ်စရာနေရာဖြစ်သည်။ မြစ်ကမ်းနံဘေး ရှုခင်းများရှုစားစရာနေရာရှိပြီး အပျင်းပြေ လမ်းလျှောက်ကာ လေညင်းခံနိုင်သည်။ Asiatique ရှိ အထင်ကရ နေရာများတွင် ဓါတ်ပုံလှလှရိုက်ရန်လည်း လက်မလွှတ်သင့်ပေ။ အမြင့်တွင်360 ဒီဂရီ ရှုခင်းကို မြင်တွေ့ နိုင်သော ချားရဟတ်သည်လည်း နေ့ ခင်းရော ညခင်းပါမကျန် လွန်စွာလှပပါသည်။ ရိုက်လာတဲ့ဓါတ်ပုံကို မြင်ရသူတိုင်း မနာလိုဖြစ်မှာ အသေချာဖြစ်သည်။ 

Asiatique သည် စနေ – တနင်္ဂနွေ ပိတ်ရက်များတွင် အေးအေးဆေးဆေး အနားယူရန်သင့်လျော်ပြီး ဤနေရာသည် နေ့ စဉ် 16.00-00.00 နာရီထိ ဖွင့်လှစ်ပါသည်။ တည်နေရာမှာ – 72-76 ကျလိန်ဂရူလမ်းတွင် တည်ရှိကာ သွားလာရသည်မှာ အလွန်လွယ်ကူပါသည်။ လှေစီး၍လည်းကောင်း၊ ဘက်စ်ကားဖြင့်လည်းကောင်း၊ BTS မိုးပျံရထား ဖြင့်လည်း သွားနိုင်ကာ BTS စဖန်တာ့ခ်စင်တွင်ဆင်းကာ ထွက်လမ်း 2 တွင်ထွက်ပြီး ဆာထော် လှေဆိပ်တွင် လှေစီးကာ Asiatique သို့ ဆက်သွားနိုင်ပါသည်။ အရေးကြီးသည့်အချက်မှာ အခမဲ့ ကြိုပို့ 
ဝန်ဆောင်မှုရှိပြီး သွားလာချိန် 10 မိနစ်ခန့် သာ ကြာပါသည်။

Asiatique The Riverfront အကြောင်းပြောရလျှင် အမြင့် 60 မီတာရှိသော ချားရဟတ်ကြီးကို မြင်မိကြလိမ့်မည်။ ထိုချားရဟတ်ကြီးသည် Asiatique Sky ဟုလည်း အမည်ရှိကာ အမြင့်ကို မကြောက်တတ်သူများ မဖြစ်မနေ သွားသင့်သောနေရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အမြင့်သို့ ရောက်သွားလျှင် ကျောက်ဖရာမြစ်ကြီး၏ အမြင့်ရှုခင်းကို မြင်တွေ့ နိုင်ကာ ချားရဟတ်စီးခြင်းကိုလည်း ဧည့်သည်များအတွက် အထူးအဆင်ပြေစေရန် ပုံဖော်ထားကာ အဲလ်ကွန်းအေးအေးဖြင့် ၀န်ဆောင်မှုပေးနေပြီး ချွေးထွက်အောင် ပူအိုက်နေမယ်လို့ စိုးရိမ်စရာမလိုပဲ အဆင့်မြင့်သော လုံခြုံမှုစနစ် လည်းပါရှိသည်။ စွန့် စားမှုကို နှစ်သက်သူများအတွက်တော့ Asiatique Sky မှအထူးချားရဟတ်ခြင်း တစ်ဆောင်သည် မှန်ဖန်သားများဖြင့် ပြုလုပ်ထားကာ အောက်ခြေကို ထိုးဖောက်မြင်နိုင်ပါသည်။ ထို့ အပြင် သောက်စရာ၊ မုန့် များနှင့် 20 မိနစ်ခန့် ရှိသော ရုပ်ရှင်ကားတို ၀န်ဆောင်မှုပေးခြင်းလည်း ရှိပါသေးသည်။

အကယ်၍ အေးဆေးလမ်းလျှောက်ကာ လေညင်းခံလိုလျှင် ခရီးသွား ဧည့်သည်များ ညနေခင်း၏ ရိုမက်တစ်ဆန်သောပုံရိပ်ကို အမှတ်တရဓါတ်ပုံရိုက်သည့် နေရာဖြစ်သော ကျောက်ဖရာ မြစ်ကမ်းနံဘေးလည်း ရှိသေးသည်။ ဓါတ်ပုံရိုက်ရတာ ငြီးငွေ့ လာပြီးဆိုရင် ဈေးဝယ်ထွက်နိုင်တဲ့ နေရာ၊ အရသာရှိတဲ့ အစားအစာများ ရွေးချယ်စားသုံးနိုင်ပြီး ဆယ်ဂဏန်း တန်ဖိုးမှ ထောင်ဂဏန်း တန်ဖိုးထိ ရွေးချယ်စရာများရှိကာ ခရီးသွားဧည့်သည်များ ဂိုဒေါင်တစ်လျှောက် နားနားပြီး လျှောက်လည်ရင်း ဓါတ်ပုံရိုက်ရင်း လည်ပတ်နိုင်ပါသည်။ 

အကယ်၍ Myanmar Live အား သတင်းစာမှတစ်ဆင့်၊ Facebook မှတစ်ဆင့် အားပေးသော ပရိတ်သတ်များ ဖြစ်ပါက ကျွန် တော်တို့ နာမည်ကြီး စားသောက်ဆိုင်တစ်ဆိုင် ဖြစ်သော တောင်အမေရိက စတိုင် ပုဇွန်ပုံး ဆိုင်မှ ၀န်ဆောင်မှုပေးကာ ဂိုဒေါင်နံပါတ် 9 တွင် တည်ရှိပြီး ဆိုင်နာမည်မှာ “ALOHA HOT AND JUICY” ဖြစ်ပြီး ပင်လယ်စာပေါင်းစုံကို ဆိုင်၏ပင်ကိုယ်စတိုင် ဆော့စ်နှင့်ရောစပ်ထားသည့် စားစရာများဖြစ်ကာ အစပ်အတိုင်းအတာကိုလည်း 5 ဆင့်ထိ ရွေးချယ်နိုင်ပါသည်။ နေ့ စဉ် 16.30 – 23.00 ထိဖွင့်လှစ်ရောင်းချပြီး ပရိသတ်များအတွက် လျော့ဈေးများလည်း ပေးနေပါသည်။

ဤအလည် ခရီးစဉ်ဟာ ပျော်လည်းပျော်မယ်၊ ရှုခင်းတွေလည်းလှတယ်၊ အစားအစာလည်း အရသာကောင်းတယ်၊ ဖေ့စ်ဘုတ် ထဲကသူငယ်ချင်းတွေကို ကြွားဖို့ ဓါတ်ပုံလှလှလည်း ရိုက်နိုင်လိမ့်မယ်လို့ အာမခံပါတယ်။ အရေးကြီးတာက အိမ် ပြန်လက်ဆောင် လှလှလေးတွေလည်း ရသွားလိမ့်မယ်နော်။ မကြာခင်မှာ ဘယ်လိုလည်ပတ်စရာနေရာတွေ သွားရောက် လည်ပတ်အုန်းမလဲဆိုတာသိဖို့ Myanmar Live ဖေ့စ်ဘုတ်ပေ့ခ်ျနှင့် You Tube Myanmar Live မှ အလည်ထွက်ခြင်း အစီအစဉ်ကိုလည်း Follow လုပ်ထားဖို့ မမေ့နဲ့ နော်။