သရုပ်ဆောင်မိုးအောင်ရင်က မူးယစ်ဆေးဝါးမှုနဲ့ဖမ်းဆီးခံခဲ့ရပြီး ထောင်ထဲကပြန်လည်လွတ်မြောက်လာခဲ့ပြီး
တော့ အနုပညာလုပ်ငန်းတွေကိုဆက်လက်လုပ်ကိုင်နေတဲ့ သူတစ်ဦးပါ။ ထောင်ထဲက ထွက်လာပြီးတော့ သူ့ရဲ့
အနုပညာလုပ်ငန်းတွေကိုပြန်လည်လုပ်ဆောင်ရာမှာတော့ သုံးနှစ်ကျော်ဝေးကွာခဲ့တဲ့အတွက် သရုပ်ဆောင်ရာ
မှာအခက်အခဲတချို့ ကြုံတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။

“ထောင်ကလွတ်လာပြီးပထမဆုံးဇာတ်ကားပြန်ရိုက်တဲ့အခါအခက်အခဲလေးတွေရှိတယ်။ ၃နှစ်လောက်ကျနော် ကစိမ်းသွားေ တာ့အိုက်တင်လုပ်ရတော့ တောင့်တောင့်ကြီးဖြစ်နေတယ်။ စကားပြောတော့ ဖလိုးမ၀င်ဘူး  ကာရိုက်တာတွေမ၀င်ဘူး အဲ့ဒီပြဿနာတွေကျွန်တော် ကြုံရတယ်” လို့ မိုးအောင်ရင်ကပြောပြပါတယ်။

“လောလောဆယ်မှာအရင်တုန်းကအတောင်စုံခဲ့တယ် အခုအဲ့ဒီအတောင်တွေအကုန်ကျွတ်သွားတာပေါ့ ကိုယ်အရင်ပျံသန်းနိုင်ဖို့လိုတယ် ကိုယ်ပျံသန်းနိုင်မှ တစ်ဖက်လူ ကိုခေါ်လာလို့ရမယ်။အဲ့လိုမှမဟုတ်ဘဲနဲ့ ကိုယ်တောင် အတောင်မစုံသေးဘဲဆန့်ငင်ဆန့်ငင်ဖြစ်နေတာတောင်သူ့ကိုသွားခေါ် လိုက်ရင်နှစ်ယောက်လုံး ဂျွမ်းထိုးမှောက်ခုံ ဖြစ်သွားလိမ့်မယ်။အဆင်မပြေဘူးပေါ့။ထောင်ထဲကထွက်လာတဲ့သူတစ်ယောက်ပဲဗျာ အဆင်မပြေမှုတွေ ဒုက္ခတွေအများကြီးကြုံရတာပေါ့ ဒီဒုက္ခတွေကိုဖြတ်သန်းတဲ့နေရာ မှာကျွန်တော်လောလောဆယ်တစ် တည်းဖြတ်သန်းချင်တယ်။ သူနဲ့ဖြတ်သန်းပြီး မှဘုစုခရုလေးတွေပါလာရင်ပိုပြီးဒုက္ခရောက်တော့မှာကိုး အဲဒီတော့ ကျွန်တော် ကိုယ့် ဘာသာကိုယ်အေးအေးဆေးဆေးပျံသန်းနိုင်ပြီဆိုမှ အိမ်ထောင်ပြု ချင်ပါတယ်”  လို့ မိုးအောင်ရင်ကပြောပါတယ်။

ဓာတ်ပုံအတွက်ကျေးဇူးတင်ပါသည် : Facebook: Moe Aung Yin