သရုပ်ဆောင်သင်ဇာဝင့်ကျော်က မကြာမီရုံတင်တော့မယ့် အချစ်ဆုံး Crush ဆိုတဲ့ဇာတ်ကားမှာလည်းပါဝင်သရုပ်ဆောင်ထားပါတယ်။ သူမရဲ့ခပ်ဟော့ဟော့ ဖက်ရှင်ဒီဇိုင်းတွေကြောင့် ပရိတ်သတ်တွေအကြားလှုပ်ခတ်လေ့ရှိတဲ့ သင်ဇာဝင်ကျော်ဟာ အချစ်ဆုံးCrush ရုပ်ရှင်ဇတ်ကားရဲ့တစ်ချို့အခန်းတွေမှာဆိုရင် သူမရဲ့ဝတ်စားဆင်ယင်မှုကိုဆင်ဆာဖြတ်တောက်ခံထားရကြောင်း ဖွင့်ဟခဲ့ပါတယ်။

“တချို့အခန်းတွေဆိုရင် ဆင်ဆာအဖြတ်ခံရတယ်ပြောတယ်။တချို့အခန်းတွေကျ တော့ဝါးခံ ရတယ်ပေါ့။အဲ့တာတော့အမှတ်တရဖြစ်တာပေါ့။ ဒီလိုမျိုးဝတ်တာချင်းပုံစံတူလို့သူများတွေကိုကောဖြတ်တယ်။ ကိုယ့်  ကိုလည်းဖြတ်တယ်ဆိုရင်တော့ကိစ္စမရှိဘူးပေါ့။ဒီလိုမှမဟုတ်ဘဲ ကိုယ့်မှ ကွက် ပြီးဖြတ်တယ်ဆိုရင်တော့ ၀မ်းနည်းမိမှာအမှန်ပဲ။သူတို့ကတော့လုပ်သင့်လုပ် ထိုက်တာ လုပ်တယ်လို့ကိုယ့်ဘက်ကခံယူထားပါတယ်။ဒါပေမယ့်လည်းကိုယ်ကအတတ်နိုင်ဆုံးကြိုးစားနေတဲ့အချိန်မှာဒီလိုမျိုးအဖြတ်ခံရတယ်ဆိုတော့ဝမ်းနည်မိတာပေါ့” လို့ သင်ဇာဝင့်ကျော်ကပြောပါတယ်။

ဒါ့အပြင်သူမကို ဝေဖန်အပြစ်ပြောတဲ့သူတွေနဲ့ သူမကိုချစ်ခင်အားပေးတဲ့သူတွေကို မေတ္တာပို့ပေးဖြစ်ကြောင်းနဲ့ အထူးသဖြင့် ဆိုပါတယ်။

“ကိုယ်ကမေတ္တာပို့ပေးပါတယ်။ကိုယ့်ကိုအကောင်းပဲပြောပြော။အဆိုးပဲပြောပြောအားလုံးကိုမေတ္တာပို့ပေးပါတယ်။ နောက်ပြီးသင်ဇာ့ကိုအရမ်းချစ်တဲ့သူတွေရှိနေတဲ့အတွက်လည်းအရမ်းကိုဝမ်းသာပါတယ်သင်ဇာလည်းဒီအလုပ်ကိုပိုလုပ်ချင် စိတ်လည်းပိုဖြစ်တယ်။အခုလိုကိုယ့်ကိုချစ်တဲ့သူတွေအားပေးတဲ့သူတွေရှိနေတာသိရလို့အရမ်းကိုအားတက်ရပါတယ်” လို့သင်ဇာဝင့်ကျော်ကပြောပါတယ်။  

သင်ဇာဝင့်ကျော်၊ အိချောပို၊မေမြင့်မိုရ်၊မြင့်မြတ်တို့ပါဝင်သရုပ်ဆောင်ထားတဲ့ “ အချစ်ဆုံး Crush ” ရုပ်ရှင်ဇာတ်ကားကို သြဂုတ်လ (၂၉) ရက်နေ့က စတင်ပြီး ရုံတင်ပြသ သွားမယ်လို့လည်းသိရပါတယ်။

ဓာတ်ပုံအတွက်ကျေးဇူးတင်ပါသည် : Kapook, PAPAWADY