၁. ရည်းစားဟောင်းကို အိပ်မက်မက်တာဟာ အများစုကတော့ မေ့မရလို့စိတ်စွဲပြီးအိပ်မက်မက်တာလို့ပြောကြ ပြီး အားနဲချက်ကိုထိုးနှက်ကြပါတယ် ဒါကြောင့်အများစုဟာ ရည်းစားဟောင်းကိုအိပ်မက်မက်ရင် အလိုလို စိတ်မကောင်းဖြစ်ကြရပါတယ်။ တကယ်တော့ရည်းစားဟောင်းကို အိပ်မက်မက်တာဟာ ၀ဋ်ကြွေးတွေကုန်ပြီး ကံကောင်းခြင်းတွေ သယ်ဆောင်လာခြင်းဖြစ်တယ်လို့အဓိပ္ပါယ်ရပါတယ် ဒါကြောင့်နောက်တစ်ခါ ရည်းစား ဟောင်းကို အိပ်မက်မက်ရင် စိတ်မကောင်းမဖြစ်နဲ့တော့နော်။

၂. အိပ်မက်ထဲမှာငိုနေရင် မကောင်းတဲ့အရာတွေနဲ့ကြုံတွေ့ရမယ်လို့ ထင်မြင်ကြပါတယ်။ မနက်စောစော အိပ်ယာ နိုးခါနီးငိုနေတယ်လို့အိပ်မက်မက်ရင်တော့ ပိုပြီးတော့တောင်စိတ်ထိခိုက်ရပါတယ် ဒါပေမယ့် တကယ် တမ်းကြတော့ ဒီလိုအိပ်မက်မက်ခြင်းဟာ သင့်ဆီကိုကောင်းခြင်းတွေ တစ်ခုမဟုတ်တစ်ခု သယ်ဆောင်လာ ပေးခြင်း ဖြစ်တယ်လို့ဆိုပါတယ်။

၃. မိမိ ချစ်ရတဲ့သူထိခိုက်နာကျင်ပြီး သေဆုံးတယ်လို့အိပ်မက်မက်ရင် အများစုဟာ ထိတ်လန့်ခြောက်ခြားတတ် ကြပါတယ်။ အိပ်မက်ထဲကသူက မိမိ တွယ်တာရတဲ့သူဖြစ်နေရင် ပိုပြီးတော့တောင်ဆိုးပါတယ်။ တကယ်တမ်း တော့ဒီလို အိပ်မက်မက်ခြင်းဟာ တုန်းကျော်တာလို့လည်းပြောလို့ရပါတယ် ဒါကြောင့် ဒီလိုအိပ်မက်မက်တာ ဟာ အဖြစ်ဆိုးတွေနဲ့မကြုံဘဲ ကောင်းခြင်းတွေနဲ့ကြုံတွေ့ရမယ်လို့ အဓိပ္ပါယ်ကောက်လို့ရပါတယ်။

၎. ခန္ဓာကြီးမားတဲ့ သတ္တ၀ါ ဆင်၊ မြင်း နဲ့ နွားတို့က သင့်ကိုအန္တရာယ်ပြုတယ်လို့အိပ်မက်မက်ရင် ငါ့ကဘယ်သူ တွေဘာများ တိုက်ခိုက်တာခံရမလဲဆိုပြီး ခဏတာတော့ ခြောက်ခြားသွားမှာပါ ဒါပေမယ့်တကယ်သာဆိုရင် သင့်ရဲ့ကံကောင်းခြင်းနဲ့ အလုပ်အကိုင်တိုးတက်ကြီးပွားခြင်းကို ဖေါ်ဆောင်တာကြောင့် စိတ်တွေမဖိစီးနေနဲ့ တော့နော်။

အချက်အလက်နှင့်ဓာတ်ပုံများအတွက်ကျေးဇူးတင်ပါသည် : AkeruFeed , S! sanook