အိန္ဒြာကျော်ဇင်ဟာ အခုနောက်ပိုင်း ဟာသဇာတ်မြူးတွေလည်းရိုက်ကူးနေပြီးတော့ သူမအနေနဲ့ ဟာသတွေကို ကြိုက်နှစ်သက်တဲ့သူတစ်ဦးဖြစ်တဲ့အတွက် ပရိတ်သတ်ကြိုက်နှစ်သက်မယ့် ဟာသဇာတ်လမ်းတွေဆိုရင်လက်ခံ ရိုက်ကူး ဖြစ်တယ်လို့ပြောပါတယ်။

“ အမက ဟာသကိုလည်းကြိုက်တယ် အဓိကကတော့ ဟာသထဲမှာမှ ပရိတ်သတ် သဘောကျမယ့်ဇာတ်လမ်း တွေဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် တကယ်ပရိတ်သတ်က လက်ခံတဲ့ ဇာတ်လမ်း မျိုးဖြစ်ရမယ် အဓိက ပရိတ်သတ် အတွက်ပါပဲ နောက်တစ်ခုက အမတို့ရိုက်ပြီဆိုကတည်းက ကိုယ် ရိုက်ချင်တဲ့ကာရိုက်တာမျိုး ကိုယ်လုပ်ချင်တဲ့ကာရိုက်တာမျိုး အဲ့လိုမျိုးတွေကိုတော့ ရွေးပြီးတော့လက်ခံတယ် ဟာသပဲဖြစ်ဖြစ် ဒရာမာပဲဖြစ်ဖြစ် အဓိကကပါ့ တကယ်ကောင်းတဲ့ဇာတ်မျိုးဆိုရင်တော့ လက်ခံပြီးတော့ရိုက် ဖြစ်ပါတယ်” လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။

အကယ်ဒမီအိန္ဒြာကျော်ဇင်ပါဝင်သရုပ်ဆောင်ထားတဲ့ ဂျင်ပါတီရုပ်ရှင်ဇာတ်ကားကြီးဟာလည်းလာမယ့် သြဂုတ်လ ၂၂ ရက်က စပြီးမြန်မာတစ်နိုင်ငံမှာ ရုံတင်ပြသသွားမှာဖြစ်ပြီး ဒီရုပ်ရှင်ဇာတ်ကားရိုက်ကူးခဲ့တုန်းကအမှတ်တရတွေကို အခုလိုပဲ ပြောပြသွားပါတယ်။ “ဂျင်ပါတီရိုက်တုန်းက အနုပညာမောင်နှမတွေလည်းအများကြီးပါတယ်နောက်ပြီးတော့ရိုက်ကွင်းတော့ ရိုက်ကွင်းမှာကိုက ကိုယ့်အဖွဲ့နဲ့ကိုယ်ရယ်နေရတယ်။ ကိုခင်လှိုင်တို့လည်းပါနေ တော့ ရှူတင်မှာဆိုရယ်နေရတာပဲ “ လို့ အိန္ဒြာကျော်ဇင်ကဆိုပါတယ်။

အကယ်ဒမီအိန္ဒြာကျော်ဇင်ဟာဆိုရင် အခုလက်ရှိအချိန်ထိမြန်မာနိုင်ငံရဲ့စူပါထိပ်တန်းမင်းသမီးတစ်လက်အဖြစ်ရှိနေဆဲ ဖြစ် သလို ပရိတ်သတ်အများအပြားရဲ့အားပေးနှစ်ခြိုက်မှုကိုခံနေရဆဲ မင်းသမီးတစ်လက်ဖြစ်ပါတယ်။

ဓာတ်ပုံအတွက်ကျေးဇူးတင်ပါသည် : Instagram: modamyanmar, hnin9814, blessing_charlie