7 Sense ရုပ်ရှင်ထုတ်လုပ်ရေးက မကြာခင်ရိုက်ကူးမယ့် “ကောင်းကင်မရှိတဲ့ကြယ်” ရုပ်ရှင်ဇာတ်ကား ကြီးမှာ ပါဝင်ဖို့ စိတ်လှုပ်ရှားနေတယ်လို့ မိုးစက်ဝိုင်က ဖွင့်ဟလာပါတယ်။

ထိုင်း၊ ဂျပန်၊ မြန်မာ၊ ကိုရီးယားက ဒိတ်ဒိတ်ကြဲမင်းသားတွေနဲ့အတူသရုပ်ဆောင်ရမှာဖြစ်ပြီး မြန်မာနိုင်ငံကသရုပ်ဆောင်အကယ်ဒမီနေတိုးလည်း ပါပါတယ်။

ကျန်တဲ့သရုပ်ဆောင်အပြည့်အစုံကို မကြာခင်ကြေငြာမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ မိုးစက်ဝိုင်အတွက် ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ထဲက လိုအပ်ချက်တွေကိုရှာပြီး  ဖြည့်သွားမယ်လို့ မိုးစက်ဝိုင်ကပြောပါတယ်။

လက်ရှိမှာ ဇာတ်လမ်းရဲ့ဇာတ်ညွှန်းကို လျှို့ဝှက်ထားပြီးအချစ်ရုပ်ရှင်ကားမဟုတ်ဘူးလို့ မိုးစက်ဝိုင်းကဖွင့်ဟလာပါတယ်။

အချက်အလက်များအတွက်ကျေးဇူးတင်ပါသည် : 7 DAY DAILY, Instagram: moesetwine_official